ကဆုန်လမွေးဖွားသူများ အတွက်တစ်သက်တာဟောစာတမ်း…

ကဆုန်လ မွေးဖွားသူများသည်ပင်ကိုယ်စရိုက်အားဖြင့်
တည်ကြည်အေးဆေးသူများဖြစ်သည်။
ဖြောင့်မတ်မယ်အလွန်သစ္စာရှိတယ်၊ အလွန်သံယောဇဉ်ကြီးမားတတ်ကြတယ် ။
အနုပညာပါရမီဓါတ်ခံကြီးမယ် အလွန် ညှို့ဓါတ်အားကောင်းတယ် တစ်ခုမဟုတ် တစ်ခုဖြင့် လူအများ၏ချစ်ခင်ကြည်ညို
ခြင်းကိုခံရတတ်တယ် ။
ဘေးလူတွေကချစ်ခင်မယ် စန်းပွင့်မယ် အလှအပ၊ အသန့်
အပြန့်ကြိုက်တတ်တယ်၊ စိတ်ကူးယဉ်တတ်မယ်။
အထူးသဖြင့် ဘ၀တွင်ကြည်နူးလွမ်းဆွတ်ဖွယ်ရာ အနေ
အထားများကိုများစွာကြုံခဲ့တတ်ကြပါမည်။
အလွမ်းဓါတ်ခံရှိတယ်လူပေါင်းဆန့်မယ်အကောင်းကြိုက်
တတ်တယ် ကောင်းပေ့ဆိုသည့် အသုံးအဆောင်များကိုသာသုံးချင်၏တယ် ငွေအသုံးကြမ်းမယ်။
ဘယ်ကိစ္စမဆို ဆန်းစစ်လေ့လာကာ ဆုံးဖြတ်ချက်ခိုင်ခိုင်ချပြီးမှ စတင်လုပ်ကိုင်တတ်တယ်။
နူးညံ့သိမ်မွေ့သလောက် ဒေါသထွက်လာကာ ဘာမှ မမြင်
တော့လောက်အောင် ကမူးရှူးထိုးလုပ်တတ်တယ်။
ရဲရင့်တည်ကြည်၍ ထက်မြက်မယ်။
နံနက်စော အရုဏ်ဦးအချိန်တွင် အသိညာဏ်အထူးပွင့်တတ်
တယ်။
ထိုအချိန်တွင် စိတ်ကူးကောင်းတွေ ပေါ်တတ်တယ်ဆုံဖြတ်
စရာကိစ္စများဒီအချိန်တွေမှာလုပ်ပါကအမှားအယွင်းမရှိပဲ
အောင်မြင်မယ်။
ခံစားချက်ပြင်းထန်တတ်တယ် ဘာမဆိုအလေးအနက်ခံစားတတ်တယ်၊ ကိစ္စတစ်ခုကို ဆုံးဖြတ်ပြီးကနောက်မတွန့်တမ်းလုပ်တတ်တဲ့ဥာဉ်ရှိတယ်စည်းကမ်းတကျစနစ်တကျလုပ်
တတ်တယ် ။


အချိန်နာရီ၊ကတိသစ္စာကိုအလွန်တန်ဖိုးထားမယ် ဖြောင့်မတ်
တယ်။
ကတိပျက်က စိတ်ဆိုးတတ်တယ်။ စိတ်ဆိုးခဲသလောက်
စိတ်ဆိုးလာပါကလဲ အသားတွေတဆတ်ဆတ်တုန်လာ
ကာမျက်ရည်ပင်ကျလာတတ်၏။
အထူးသဖြင့် မိမိအပေါ်လိမ်လည်လှည့်ဖျားလာက လုံး၀ခွင့်
မလွှတ်တတ်။ သစ္စာမဲ့ခြင်းကို အလွန်ရွံ့မုန်း၏။
စကားပြောဆိုရာတွင် အေးတိအေးစက်နှင့် ချက်ကျကျပြော
ဆိုတတ်တယ်။
စကားလုံးများဖြင့်နာကျင်ခံခက်ဖြစ်အောင် ပြောဆိုနိုင်စွမ်း
တယ်။
တစ်ခါတစ်ရံ ပြောပေါက်ဆိုပေါက် ကပ်ကပ်ဖဲ့ဖဲ့နိုင်တယ်၊
သို့သော် အပေါ်ယံအားဖြင့်မာကျောသယောင်ရှိသော်လည်း အတွင်းစိတ်ကနူးညံ့တယ်၊ ကိုယ့်အပေါ်သိမ်သိမ်မွေ့မွေ့
ဆက်ဆံလာပါက အရာရာကို ခွင့်လွှတ်နိုင်တယ်။
အများအတွက်အနစ်နာခံတတ်တယ် အများကောင်းကျိုး
ဆောင်ရွက်လိုမယ်လောဘမကြီးဘဲ လုပ်စရာတွေကို ဇွဲဖြင့် တွန်းတိုက်လုပ်တတ်တယ်။
အရာရာအပေါ် ရိုးရိုးရှင်းရှင်းနှင့်နေထိုင်လုပ်ကိုင်တတ်တယ်။
ရှုပ်ရှုပ်ယှက်ယှက်ဘာမှ မကြိုက်၊ သူတစ်ပါးကိစ္စ ၀င်မစွတ်
ဖက်တတ်။
ထို့အတူ ကိုယ့်နေရာကို လာပတ်သက်ခြင်းမျိုးကိုလည်း
မကြိုက်တတ်ပါ သို့သော် မိသားစု သံယောဇဉ်ကြီးမားကြ
တယ်၊ သွေးရင်းသားရင်း၊
မိတ်ဆွေရင်းတွေအတွက် အမြဲလိုလို ပေးဆပ်နေတတ်တယ်၊အနစ်နာခံနေရတတ်တယ်တစ်ခါတစ်ရံဆင်ချင်ကင်းစွာမာန်
မာနနှင့် ပြုမူမိတတ်တယ်။ ကိုယ့်ကိုယ်ကို အယုံလွန်ပြီး
တဇွတ်ထိုးလုပ်မိတတ်တယ်၊ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး
မိုက်ရူးရဲလုပ်မိတတ်တယ် ၊ မည်သို့ပင်ဖြစ်စေ ဝီရိယကြီးမယ် တိုးတက်ကြီးပွားရန်အမြဲကြံစည်နေတတ်တယ်။
လူချစ်လူခင်များမယ်၊ ကိုယ့်ကိုယ်ကို ရိုသေစွာသန့်သန့်ခန့်ခန့်
နေတတ်ခြင်းတို့ကြောင့် အမည်ကျော်ကြား အောင်မြင်ချမ်းသာသူများဖြစ်တတ်ပါသည်။
ဘ၀ကို သူတစ်ပါးတို့ထက်ပို၍တန်ဖိုးထားသူများဖြစ်မည်
ဇွဲကောင်းကောင်းနှင့်ကြိုးစားတတ်တယ်။
အပင်ပန်းခံ၍ကြိုးစားကြ၏ စီးပွားလာဘ်မြင်ပြီးငွေရှာကောင်းတယ်၊ငွေသုံးကြမ်းမယ်၊ မိတ်ကောင်းပေါမယ်၊လုပ်ငန်းမရွေး လုပ်ဆောင်တတ်တယ်၊ဘ၀တွင်သူတစ်ပါးက နှိမ်၍ဆက်ဆံ
ခံရခြင်းကို မခံချင်စိတ်ဖြင့်ကြိုးစားတတ်တယ်။
ဘ၀တွင်ထူးခြားစွာပြည့်စုံကြွယ်၀တတ်ပါသည်။
ကတိသစ္စာတည်ကြည်ခြင်းကြောင့် လဲစီးပွားဖက်တို့၏
ယုံကြည်ခြင်းကိုခံရတတ်တယ်၊ဘ၀တွင်ဒုတိယအရွယ်နှင့်
တတိအရွယ်တွင်စီးပွားပြည့်စုံတတ်၏။
အကြံညာဏ်ကောင်းများ ပေါ်ထွက်လာတတ်သလို
လက်တွေ့အကောင်အထည်ဖေါ်မိ၍လဲကြီးပွားချမ်းသာ
တတ်ပါတယ်၊
စီးပွားတက်ချိန်တွင်အပျော်အပါးဖက်မိတတ်ပါသည် ။
ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုသာလုပ်ပါသူတစ်ပါးလက်
အောက်ခံမလုပ်သင့်ပါ။ ကိုယ့်စိတ်ကူးနှင့်သာ ရဲရဲလုပ်ပါ။
မည်သည့်အလုပ်မဆို စွဲစွဲမြဲမြဲလုပ်ပါ။
အလုပ်အမျိုးမျိုးပြောင်းလုပ်ခြင်းကိုရှောင်ပါ။

အထူးသဖြင့် စီးပွားရေးတွင် အားနာခြင်း၊အာမခံခြင်း၊ ဆွေမျိုးများနှင့်ဆက်စပ်လုပ်ကိုင်ခြင်းတို့ကို အထူးရှောင်ပါ။
စာပေလုပ်ငန်းဖြင့် အထူးကောင်းကျိုးပေး၏။
အနုပညာလုပ်ငန်း၊ စာရေးဆရာ၊ နတ္ခတ်ဗေဒင်ပညာရှင်၊
ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်လုပ်ငန်း
များကိုလုပ်ကိုင်၍ ကြီးပွားနိုင်၏။
ထို့အပြင် စစ်ဘက်၊ သူနာပြု ပန်းအလှစိုက်ပျိုးရောင်းချခြင်း
တို့ဖြင့် အကျိုးအထူးပေးမည်အထူးသဖြင့် အနုပညာလုပ်ငန်း၊
အလှအပဆိုင်ရာလုပ်ငန်းတို့ဖြင့် အထူးအောင်မြင်တတ်ပါ
သည်။
အချစ်ရေး အိမ်ထောင်ရေး နှလုံးသားခံစားမှုပြင်းထန်တယ်
ကဗျာဆန်တယ်
အထူးသဖြင့် အလွမ်းတေးသီချင်း၊ ကဗျာစာပေတို့ကို
နှစ်သက်၏။ သံယောဇဉ်ကြီး၏။
အထူးသဖြင့် အလွမ်းသမားများဖြစ်တယ်။
ဘ၀တွင် သံယောဇဉ်ကြီးမားသူတို့ကို ခွဲခွာပြီး လွမ်းနေ
တတ်ကြရ၏။
ပထမပိုင်းတွင် ချစ်ကံခေပြီး နောက်ပိုင်းမှကောင်းတတ်၏။
တစ်ရွာသူတစ်နယ်သားတို့နှင့် ချစ်ကြိုးသွယ်မိတတ်၏။
အရူးအမူးချစ်တတ်ကြ၏။ တသသလွမ်းဆွေးနေတတ်
ကှရ၏။
သို့သော်အိမ်ထောင်ပြုပြီးသောအချိန်တွင် စိတ်ချမ်းသာကြ
ရတတ်ပါသည်။
ဘ၀တွင်တစိမ့်စိမ့်ပြန်တွေးပြီး တသသ ကြည်နူးမဆုံး၊
လွမ်းမဆုံးအဖြစ်အပျက်လေးများစွာ ကြုံကြရတတ်သူများ
ဖြစ်ပါတယ်။
အချစ်ရေးတွင် ကြားလူအနှောက်အယှက် အမြဲကြုံရတတ်၏။
ထို့အတူအိမ်ထောင်ရေးတွင်လည်း သွေးဆောင်ဖြားယောင်း
ခြင်းခံရတတ်၏။
ကဆုန်လမွေးဖွားသူတို့သည် သစ္စာကြီးမားသူများဖြစ်၍
အိမ်ထောင်သာယာတတ်ပါသည်။
ကိုယ်ကိုယ်တိုင်ရုပ်ဆင်းတင့်တယ်၍ သပ်ရပ်ခန့်ငြားသူဖြစ်
သလို အသားလတ်လတ်နှင့်လှပပြေပြစ်သူနှင့် ဖူးစာဆုံရ
တတ်ပါတယ် မျက်နှာတွင် ထင်ရှားသောမှဲ့အမှတ်အသား
ပါသူနှင့် ဖူးစာဆုံတတ်တယ်။
အိမ်ထောင်ဖက်အပေါ်တွင်အစစ ကိုယ်က အနစ်နာခံ၍
အနွံတာခံ၍ ပေါင်းဖော်ရတတ်၏။
အထူးသတိပေးလိုသည်မှာ ချစ်သူထားချိန်တွင်လည်းကောင်း၊
အိမ်ထောင်ပြုချိန်တွင်လည်းကောင်း၊ခေါင်းအေးအေးနှင့်
စဉ်းစားပြီးမှလက်ခံဆုံးဖြတ်ပါ။
အထူးသဖြင့် မိန်းကလေးများတဇွတ်ထိုးဆုံးဖြတ်ကာ အရှက်
တကွဲ အကျိုးနည်းဖြစ်တတ်သည်။
အထူးသတိထားပါ။ဘာပဲဖြစ်ဖြစ် အစပိုင်းညံ့ပြီး နောက်ပိုင်း
တွင်ကောင်းကျိုးခံစားရပါမည်။
ကဆုန်လမွေးဖွားသူများသည် စိတ်ထက်၍ ဇွဲကောင်းသူများ
ဖြစ်ပြီး လူအပင်ပန်းခံနိုင်သော်လည်း ခန္ဓာကိုယ်တွင် မကြာခဏဝေဒနာဖြစ်တတ်၏။
အဓိကအားဖြင့် အဆစ်အမြစ်များမကြာခဏနာကျင်ကိုက်ခဲ
တတ်သည်။


လေထိုး၊ လေအောင့်၊၀မ်းနာရောပါတို့လည်း မကြာခဏဖြစ်
တတ်တယ်။
လည်ချောင်းနာ၊ အသံ၀င်၊ရင်ကြပ်ရောဂါများမှာ အနည်းဆုံး တစ်နှစ် တစ်ကြိမ်မျှဖြစ်တတ်တယ် တော်ရုံတန်ရုံ ရောဂါ
လောက်ဖြင့်ဆရာ၀န်ပြခြင်း၊ ဆေးစားခြင်းမပြုဘဲ ဝေဒနာကို
ကြိတ်မှိတ်ခံစားနေတတ်သည်။ ထို့ကြောင့်ပင် မလိုလားအပ်
ဘဲရောဂါကြီးမားသွားတတ်သည် အမျိုးသမီးများ သားအိမ်
အားနည်းတတ်သည်။ အမျိုးသားများ ဆီးကျောက်တည်ခြင်း၊
ဆီးကျိတ်ရောင်ခြင်းဖြစ်တတ်သည်။
ဘာမှမလုပ်ဘဲ ငြိမ်နေလျှင် ကျန်းမာရေးညံ့တတ်၏။
အငြိမ်မနေဘဲ အလုပ်များကို ဇယ်ဆက်သလို ဆက်တိုက်
လုပ်နေက၊ လှုပ်ရှားနေက ပိူ၍ကျန်းမာတတ်သည်။
အသေးအဖွဲဇက်ကြောတက်၊ ခေါင်းမူး၊ခေါင်းကိုက်ရောဂါ
များဖြစ်တတ်တယ်။ အသီးအရွက်များများစားပေးပါ။
ကဆုန်လဖွား အမျိုးသမီးများသည် ရင်သားတွင် အနာဖြစ်
ခြင်းမျိုးဖြစ်တတ်သဖြင့် ဂရုပြုသင့်သည် ။
သတိပြုစရာ ဘေးဥပဒ်အန္တရာယ်များကတော့ မျက်နှာတွင်
ရုတ်တရက်ထိခိုက်ဒဏ်ရာရတတ်သည်။
တောင်ပြိုခြင်း၊ မြေပြိုခြင်းစသောသဘာဝဘေးအန္တရာယ်များ
ရင်ဆိုင်ရတတ်၏။ စက်မှုလက်မှုလုပ်ငန်းလုပ်သူများမှာ
မတော်တဆထိခိုက်မှုများဖြစ်တတ်သည်။
အထူးသဖြင့်လက်နက်ပေါက်ကွဲခြင်း ဖြစ်တတ်၍သတိပြု
သင့်သည်။
သို့သော် အသက်အိုးအိမ်ထိခိုက်လောက်အောင်ဘေး
အန္တရာယ်မရှိတတ်ပါ။
ကဆုန်လအတွင်းမွေးဖွားသူများဦးနှောက်သွေးကြောထိခိုက်
ခြင်း ရုတ်တရက်ဖြစ်တတ်သောကြောင့်သတိထားသင့်ပါ၏။ ထို့ပြင် သူတစ်ပါးအတွက် အနစ်နာခံရသော ဇာတာပါ၏ အဓိကဆင်ခြင် သတိပြုသင့်ပါသည်။
ဘ၀တွင် ဒုတိယအရွယ်နှင့်တတိယအရွယ်တို့တွင်
အထူးကောင်းစားတတ်၏။
အမွေရသလိုမျိုးရုတ်တရက်ကြီးပွားပြီး အောင်မြင်မှုရတတ်
၏အကြီးအမှုးနေရာကိုရတတ်သည်။
အလှူအတန်းများစွာပြုရတတ်တယ်။
ကဆုန်လမွေးဖွားသူတို့သည် သံယောဇဉ်ကြီး၍ အနစ်နာခံ
ရသောဘ၀ပိုင်ရှင်များဖြစ်တတ်ပါတယ်။
ပေးဆပ်မှု၊ အနစ်နာခံမှုနှောင်ကြိုးတည်းခံရမှု၊ ဖိနှိပ်ချုပ်ချယ်မှုတို့ကိုအမြဲခံရတတ်ပါတယ်။
ဆွေမျိုးများနှင့် ဝေးဝေးနေသင့်၏။ သီးသန့်ခွဲထွက်သင့်၏။ သို့သော်မည်သည့်နေရာတွင် နေသည်ဖြစ်စေ ကိုယ်ကျိုးကို
မငဲ့ဘဲ စေတနာ အဓိကထား၍လုပ်ဆောင်ကသူမတူအောင်
ကြီးပွားတတ်၏။
စွမ်းအားထည့်၍လုပ်ဆောင်က သူတစ်ပါးထက် ထူးကဲစွာ
အောင်မြင်တတ်၏။ သို့သော် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်
နည်းကမယုံမရဲစိတ်ဖြင့် လုပ်တတ်သဖြင့် နစ်နာတတ်၏။
ဒါ့ကြာင့်သံယောဇဉ်ကြီးခြင်း၊ အလွန်အမင်း အနစ်နာခံခြင်း၊
မယုံမရဲလုပ်ခြင်းတို့ကိုရှောင်ပါ။ စိတ်မြန်ခြင်း၊ စိတ်ကြီးခြင်း၊
စကားပြောကြမ်းခြင်းကိုရှောင်ပါ။ ပင်ကိုယ်ရုပ်ရည်၊ ပင်ကိုယ်
ဟန်အမူအရာအထူးကောင်းသလောက် ကိုယ့်ကိုကိုယ်
ထင်ရှားအောင်မနေတတ်မ၀တ်တတ်၊မလုပ်တတ်ဘဲရှိ
နေတတ်ကြတယ်၊
ထူးခြားသော ဆွဲဆောင်မှုရှိသူများဖြစ်ကြပါသည်။
အေးဆေးတည်ငြိမ်စွာသွားလာနေထိုင်ပါ လက်၀တ်ရတနာတို့ကို ရှိတိုင်းမ၀တ်သင့်ပါ အကောင်းဆုံးအဆောင်မှာ
(မြ) ကျောက်ဖြစ်ပါသည်။