အင်တာနက်ထွန်းကားနေတဲ့ဒီခေတ်ကြီးမှာဖုန်းတစ်လုံးရှိရုံနဲ့ကုမ္ပဏီထောင်နိုင်ပါတယ်ဗျာတကယ်တော့ဒါဟာသင့်ရဲ့မူပိုင်ရောင်းကုန်ဖြစ်ပါတယ်တစ်ချိန်ကAmericanDreamဆိုတဲ့စကားတစ်ခွန်းဟာစီးပွားရေးအသိုက်အမြုံကောင်းတစ်ခုကိုရွှေတွင်းတူးသလိုတူးချင်တဲ့လူတွေအတွက်မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့ပါတယ်သန်းနဲ့ချီတဲ့အမေရိကန်တွေချမ်းသာကြွယ်ဝခြင်းဟာရွှေတွင်း၊ငွေတွင်းတွေတူးမိလို့ချမ်းသာခဲ့တာမဟုတ်ပါဘူး။
သင်လည်းချမ်းသာတဲ့သူဖြစ်နိုင်ပါတယ်တကယ်လို့သူ့ဦးနှောက်ထဲကရတနာသိုက်ကိုဖောက်နိုင်ပြီဆိုရင်ပေါ့သင့်ဦးနှောက်ထဲမှာဘယ်လိုရတနာတွင်းရှိသလဲဆိုတာကိုဒီလုပ်ငန်း(၆ခုနဲ့နှိုင်းယှဉ်သုံးသပ်နိုင်ပါတယ်နော်၁အိမ်တွင်းလက်မှုဖန်တီးချက်လေးများတကယ်တော့လူတိုင်းအမှတ်တမဲ့နေမိတတ်တဲ့တစ်ကိုယ်ရည်ကျွမ်းကျင်တဲ့အနုပညာစွမ်းရည်လေးတွေရှိတတ်ပါတယ်
ဥပမာပလတ်စတစ်အမှိုက်ကနေဒီဇိုင်းလှပတဲ့ဖုန်းအိတ်ကလေးတွေလွယ်အိတ်လေးတွေနဲ့ခွက်ကလေးတွေဖန်တီးတာမျိုးပါအပြင်ကနေကြည့်ရင်ဒါဟာဈေးကွက်ဝင်ရောင်းကုန်မဟုတ်ဘူးလို့ထင်ပါလိမ့်မယ်တကယ်တော့ဒါဟာသင့်ရဲ့မူပိုင်ရောင်းကုန်ဖြစ်ပါတယ်အင်တာနက်ထွန်းကားနေတဲ့ဒီခေတ်ကြီးမှာဖုန်းတစ်လုံးရှိရုံနဲ့ကုမ္ပဏီထောင်နိုင်ပါတယ်သင့်ရဲ့ဖန်တီးမှုကိုအွန်လိုင်းShopping platformsတွေကနေရောင်းနိုင်သလိုနောက်ဆုံးFacebookမှာPageထောင်ပြီးတော့တောင်ရောင်းချနိုင်ပါတယ်
(၂)အိမ်အကူဝန်ဆောင်မှုနိုင်ငံရပ်ခြားမှာသိပ်ခေတ်စားတဲ့အလုပ်တစ်မျိုးဖြစ်ပါတယ်ဒီမှာတော့သိပ်ပြီးလူသိနည်းသလိုအထင်လည်းသေးတဲ့အလုပ်မျိုးပါတကယ်တော့ဒီအလုပ်မျိုးကတကယ်လည်းလက်တွေ့ကျသလိုဝင်ငွေကောင်းရနိုင်တဲ့အလုပ်လည်းဖြစ်ပါတယ်ကိုယ့်အနီးနားကအိမ်နီးချင်းရဲ့ကလေးထိန်းပေးတာ၊ခွေးကျောင်းပေးတာတို့အပြင်နောက်ဆုံးအိမ်နီးချင်း ကလေးတွေကိုအချိန်ပိုင်းစာပြပေးတာကအစလုပ်လို့ရပါတယ်ဒီအတွက်ပိုက်ဆံတစ်ကျပ်မှကုန်စရာမလိုပါဘူး
(၃)ဟိုဟာဒီဟာပြင်တယ်တစ်ချို့လူတွေကဝါသနာအလိုက်လျှပ်စစ်ပစ္စည်းလေးတွေပြင်တာဝါသနာပါကြပါတယ်ဒီလူတွေအတွက်တော့အသက်ကြီးရင်တောင်အိုးမကွာအိမ်မကွာအလုပ်နဲ့လက်မပြတ်အောင်လုပ်နိုင်လို့အတော်လေးအဆင်ပြေမှာဖြစ်ပါတယ်နောက်ဆုံးလက်သမားလုပ်နိုင်လို့ရပ်ကွက်ထဲကပရိဘောဂနဲ့အိမ်တွင်းအသုံးအဆောင်လေးတွေပြန်ပြင်မယ်ဆိုရင်တောင်အလုပ်ဖြစ်ပါတယ်
(၄)အတိုင်ပင်ခံလုပ်ငန်းအလုပ်တစ်ခုမှာနှစ်ပေါင်းများစွာလုပ်ကိုင်လာပြီးကျွမ်းကျင်တဲ့ဝန်ထမ်းကောင်းတစ်ဦးအတွက်ဒီအလုပ်ကနေနားတဲ့တစ်နေ့တောင်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံများအသုံးချပြီးအလားတူအလုပ်မျိုးမှာပြင်ပအတိုင်ပင်ခံအဖြစ်ဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပါတယ်အလွတ်တန်းအတိုင်ပင်ခံအဖြစ်လည်းလုပ်နိုင်သလိုကိုယ်ပိုင်လုပ်ငန်းထောင်ပြီးတော့လည်းကုမ္ပဏီတွေရဲ့လုပ်ငန်းဆိုင်ရာအကြံပေးဝန်ဆောင်မှုလုပ်ပြီးဝင်ငွေကောင်းနဲ့ရပ်တည်နိုင်မှာပါ
(၅)ပြန်ရောင်းမယ်အရောင်းအဝယ်ဆိုတာကမ္ဘာဦးစီးပွားရေးပါဘယ်တော့မှတိမ်ကောမှာလည်းမဟုတ်ဘူးတစ်ခုရှိတာကအခုပြောတဲ့ပြန်ရောင်းတယ်ဆိုတာကိုယ့်အနေနဲ့ငွေစိုက်ဝယ်ပြီးပြန်ရောင်းတာမျိုးကိုပြောတာမဟုတ်ပါဘူးကိုယ့်ရဲ့လုပ်ငန်းကျွမ်းကျင်မှုနဲ့သစ္စာရှိမှုကိုအရင်းတည်ပြီးစက်ရုံတွေကုမ္ပဏီတွေနဲ့တိုက်ရိုက်ချိတ်ပြီးအေးဂျင့်တစ်ယောက်လိုအရောင်းအဝယ်လုပ်ပေးရမှာဖြစ်ပါတယ်ဒီအတွက်ကုမ္ပဏီဝန်ထမ်းဖြစ်ဖို့မလိုပါဘူ
(၆)အသေးစားစီးပွားရေး လုပ်ငန်းဒီလုပ်ငန်းမျိုးကကျယ်ပြန့်ပါတယ်အရပ်ဒေသအလိုက် အသေးစားစီးပွားရေးလုပ်စရာပေါပါတယ်နောက်ဆုံးကိုယ်က ကားမောင်းတတ်တယ်ဆိုရင်အခုအက်ပလီကေးရှင်းနဲ့ကားခေါ်လို့ရတဲ့Grabတို့Uberတို့မှာသွားပြီးယာဉ်မောင်ဝန်ဆောင်မှုလုပ်နိုင်ပါတယ်ဒီကနေမှရတဲ့ငွေကြေးကိုစုဆောင်းပြီးကားနဲ့ဆက်စပ်တဲ့ခရီးသွားလုပ်ငန်းသေးသေးလေးတွေထောင်လို့ရပါတယ်။တစ်ခုရှိတာကဒီလုပ်ငန်းမျိုးကstartupဖြစ်တဲ့အတိုင်းအရင်းအနှီးနဲ့နည်းပညာလိုပါတယ်ဒီအတွက်တော့အချိန်ပေးလေ့လာပြီး၆စနစ်တကျစီးပွားရှာရမှာဖြစ်ပါတယ်credit