ဖားအောက်တောရဆရာတော်ကြီးမိန့်တဲ့အိမ်တစ်အိမ်မှာစီးပွားရေးတွေပြေလည်နေရတဲ့အကြောင်းအရင်အိမ်တစ်အိမ်မှာစီးပွားရေးတွေပြေလည်ပြီးစားဝတ်နေရေးတွေပြေလည်
နေကြပြီဆိုကြပါတော့အိမ်သူအိမ်သားအားလုံးက၁သူ့အသက်လည်းဘယ်သူမှမသတ်ဘူး၂သူ့ပစ္စည်းလည်းဘယ်သူမှမတရားမယူကြဘူး၃ကာမေသုမိစ္ဆာခေါ်တဲ့မှားယွင်းတဲ့
အကျင့်တွေလည်းဘယ်သူမှမကျင့်ကြဘူး၊ကိုယ်ကျင့်တရားသိပ်ကောင်းကြတယ်၄မုသားလည်းမပြောကြဘူး၅မူးယစ်ဆေးဝါးလည်းသုံးစွဲတဲ့သူအိမ်သူအိမ်သားထဲတစ်ယောက်မှမ
ရှိဘူး၊ဒီလိုဆိုရင်အိမ်သူအိမ်သားတွေဟာတစ်ဦးနဲ့တစ်ဦးကြည်နူးပြီးချမ်းချမ်းသာသာ မနေရဘူးလားနေကြရတယ်အိမ်တစ်အိမ်မှာချမ်းသာသလိုရွာတစ်ရွာကိုလှမ်းကြည့်လိုက်
ငါးပါးသီလနဲ့ပြည့်စုံကြတယ်ဒီလိုဆို ဒီကျေးရွာဟာအမြဲအိမ်တံခါးဖွင့်ထားလို့မရနိုင်ဘူးလားရနိုင်ပါတယ်နောက်တစ်ခုမြို့တစ်မြို့ရှိမြို့သူမြို့သားအားလုံးငါးပါးသီလနဲ့ပြည့်စုံကြတယ်
ဒီလိုဆိုရင်ဒီမြို့ချမ်းသာမလားဆင်းရဲမလား၊ချမ်းချမ်းသာသာနေကြရမယ်နော်တိုင်းပြည်တစ်ခုမှာလည်းဒီလို ငါးပါးသီလနဲ့ပြည့်စုံကြတယ်ဆိုရင်အကုန်မချမ်းသာရဘူး
လားချမ်းသာရတယ်ညဘက်တောင်ဘယ်နေရာသွားသွားအန္တရာယ်ဆိုတာရှိလားမရှိတော့ဘူးအမျိုးသမီးတွေဘယ်နေရာသွားသွား အန္တရာယ်ဆိုတာရှိမလား။မရှိတော့ဘူးသိပ်
ကောင်းတယ်နော်ဒီတော့ကိုယ်ကျင့်သီလကောင်းခြင်းသည်တိုင်းပြည်တစ်ပြည် တိုးတက်ရေးအတွက်အခြေခံအကြောင်းအရင်းဖြစ်မနေဘူးလားဖြစ်နေတယ်ကိုယ်ကျင့်သီလပျက်စီး
လာပြီကိုယ်ကျင့်သီလပျက်စီးနေတဲ့အိမ်တစ်အိမ်မှာချမ်းသာသုခဖြစ်နိုင်ပါ့မလားမဖြစ်နိုင်ဘူးလင်ကလည်းသီလပျက်တယ်၊မယားကလည်းသီလပျက်တယ်သားသမီးတွေကလည်း
ပျက်စီးကြတယ်ဒီလိုဆိုရင်ဒီအိမ်ချမ်းသာသုခဖြစ်နိုင်ပါ့မလားမဖြစ်နိုင်တော့ဘူးဒီလိုဘဲကိုယ်ကျင့်သီလတွေပျက်စီးနေတဲ့ပုဂ္ဂိုလ်တွေစုပေါင်းနေထိုင်တဲ့မြို့, ရွာတစ်ရွာမှာဘယ်တော့
မှချမ်းသာသုခတွေမဖြစ်နိုင်ဘူးရုံးတွေမှာလည်းအင်မှာတန်အလုပ်ရှုပ်နေလိမ့်မယ်ဒါကြောင့်ကိုယ်ကျင့်တရားကောင်းဖို့လိုအပ်ပါတယ်Creditဖားအောက်တောရဆရာတော်