ယနေ့ အသက်အငယ်ဆုံး ဘဏ်ဓားပြအဖြစ် လူငယ် ၂ ဦးဖ-မ်းဆီးခံရ…

ယနေ့ အသက်အငယ်ဆုံး ဘဏ်ဓားပြအဖြစ် လူငယ် ၂ ဦးဖ-မ်းဆီးခံရ…

မဲခေါင်၊ မတ် ၁

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ CB ဘဏ်ကို ဒီကနေ့ မနက်ပိုင်းက သေနတ်အတု အသုံးပြုပြီး

ဆယ်ကျော်သက် လူငယ် ၂ ဦး ဓားပြဝင်တိုက်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ ရတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီကနေ့ မတ်လ ၁ ရက်နေ့ မနက် ၁၀ နာရီကျော်က ပုဇွန်တော်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းမှာ ဖွင့်လှစ်ထားတဲ့ CB ဘဏ်အတွင်း သေနတ်အတု၊ ဓား ၂ လက် ကိုင်ဆောင်ဝင်ရောက်ပြီး

ကောင်တာပေါ်က ပိုက်ဆံတွေကို ယူပြေးစဉ် လုံခြုံရေးတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

 

“အားလုံး မလှုပ်နဲ့အော်ပြီး သေနတ်ပြပြီး ဝင်တိုက်တာ။ ပြီးတော့ ကောင်တာပေါ်မှာ တင်ထားတဲ့ ပိုက်ဆံတွေ ယူပြီး ထွက်ပြေးတာ။ ပိုက်ဆံ အားလုံး သိန်း ၆၅၀ ပါတယ်။

သူတို့ ယူပြေးပေမယ့် ဘဏ်လုံခြုံရေးနဲ့ ကျန်တဲ့သူတွေ ဝိုင်းဖမ်းလို့ ဘဏ်နားမှာ မိတာ။ လုတဲ့ ကလေးတွေက အသက်ငယ်ငယ်လေးတွေ ရှိသေးတယ်” လို့ သူကပြောပါတယ်။

ဖမ်ဆီးခံခဲ့ရတဲ့ လူငယ် ၂ ယောက်ဟာ ပုဇွန်တောင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် သန့်ဇင်အောင်နဲ့ အသက် ၁၅ နှစ်အရွယ် သူထူးအောင် တို့ဖြစ်ပြီး

သူတို့ထံက သေနတ်အတု တစ်လက် ဓားမြှောင် ၂ ချောင်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

ရန်ကုန်တိုင်း အတွင်း ဘဏ်ဓားပြတိုက်မှုတွေမှာ အခု ဖမ်းဆီးရမိတဲ့ လူငယ် ၂ ဦးဟာ အသက်အငယ်ဆုံး ဘဏ်ဓားပြတိုက်သူတွေ ဖြစ်တယ်လို့ ရဲအရာရှိ တစ်ဦးက မှတ်ချက်ပြု ပြောပါတယ်။