ပြည်သူတွေ လုံးဝ မသွားသင့်တဲ့ ရန်ကုန်မြို့လယ်ခေါင်က အန္တရာယ်နေရာတစ်ခုအကြောင်း…

ပြည်သူတွေ လုံးဝ မသွားသင့်တဲ့ ရန်ကုန်မြို့လယ်ခေါင်က အန္တရာယ်နေရာတစ်ခုအကြောင်း…

ရန်ကုန်ရဲ့ အန္တရာယ်ဇုန် ၊ မသွားဖို့ သတိပေးခြင်းပါ။ ဒီနေရာကို အများစု သိကြပါလိမ့်မယ်။ ယခင် မီးလောင်သွားတဲ့ ကန်တော်ကြီး Palace အရှေ့ဘက် တံတားကွေ့ နေရာပါ။

အဲဒီနေရာမှာ နေကျချိန် နေ့ခင်း၊ ညနေပိုင်းမှာ အရက်ဝိုင်းဖွဲ့သောက်စားပြီး ငါးဖမ်းတဲ့သူ အများစုရှိနေတဲ့ နေရာဖြစ်တယ်။

အဲဒီနေရာမှာ လူ-တ်ရေ-မြုပ် ထားပြီး လချီကြာပြီးမှ အလော-င်းပြန်ပေါ်တာ ၂ ခု ရှိပြီ (၁) တာမွေမြို့နယ်နေ ၂၃ နှစ် လူငယ်တစ်ဦး(နို၀င်ဘာ ၁၇၊ ၂၀၂၂ )၊

(၂) ၂၆နှစ်အရွယ် ချင်းလူငယ်တစ်ဦး (ဇန်နဝါရီ ၁၇၊ ၂၀၂၃)၊ ဒါးခု-တ်ဓ၊ ဒါး-ထိုးခံရတာ ၇ယောက်။ ဒါးထောက် လုယက်တဲ့ကိစ္စက ဆယ်ချီနေပြီ။ ဒါက သိတဲ့ ကိစ္စတွေပဲ ရှိပါသေးတယ်။

မသိတဲ့ကိစ္စတွေ အများကြီးရှိပါအုန်းမယ်။ လုယက်ခံရသူတွေ ၊ ဒါးထိုးခံရတဲ့သူတွေ တစတစ များလာပြီ၊ ညနေခင်း အားကစားလုပ်တဲ့သူတွေ ၊ ခြေဆန့်လမ်း လျှောက်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ဖြစ်နေပြီ။

ရုန်းပြီး ထွက်ပြေးမယ်ဆိုရင်တောင် တံတားပေါ်ကလွဲရင် ပြေးပေါက်မရှိဘူး။ ဆည်ပေါက်က ဗျိုင်းစောင့်သလိုဖြစ်နေတယ်။

အသက်မ‌ေ-သပဲ လွတ်မြောက်လာတဲ့သူတွေ ပြောစကားအရ တံတားပေါ်မှာ လမ်းလျှောက်လာရင်း အရက်စုဖွဲ့သောက်တဲ့သူတွေက ဖ-မ်းချု-ပ်ပြီး ဒါးထောက်ငွေညှစ်တာ ၊

တခြား လမ်းသွားလမ်းလာ တွေ မမြင်အောင် ၃ ၊ ၄ယောက် ဝိုင်းကာထားတာ ဖမ်းချုပ်ထားတဲ့အချိန် ဒါးဦးမြုပ်အောင် အသားထဲ-ိုက်ထားပြီး “အော်တာနဲ့ -ိုသွင်းလိုက်မယ်” ကြိမ်းထားတာ

ဒါး-ထိုးပြီးရေထဲ မျှောချလိုက်ရင် ဘယ်သူမှမသိဘူးဆိုပြီး ခြိမ်းခြောက်တယ်လို့ ပြောတယ်။

တခြားသူကို လုယက်နေတဲ့အချိန် မတော်တဆ ကြည့်မိတဲ့ လမ်းသွားလမ်းလာ တွေကိုလည်း ဒါးနဲ့ပြေးခု-တ်တာတွေ လုပ်တယ်လို့ သိရတယ် (အရိုးအသွား ၈ လက်မရှိတဲ့ ဒါးတွေ ဝှက် ယူလာတယ်လို့ ပြောတယ်)

အဲဒီနေရာမှာ ဒုစရိုက်မှု တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေပြီ ၊ ခြောက်တာမဟုတ်ပါဘူး

တကယ်တမ်း ဖြစ်ပျက်သွားရင် ဘယ်သူမှ မသိနိုင်ဘူး ရန်ကုန်ဖြစ်ဖြစ် နယ်ကဖြစ်ဖြစ် (လုံး၀)မသွားကြဖို့ ၊ သတိပေးချင်တယ် ၊ နယ်ကလာတဲ့သူတွေကိုလည်း သတိပေးပါ။

(ချွင်းချက်အနေနဲ့ နေ့ခင်း ၊ ညနေပိုင်း ကန်တော်ကြီး ထဲက လူပြတ်တဲ့နေရာတွေကို သွားမယ်ဆိုရင် လူအနည်းဆုံး ၃ယောက် ပါမှ သွားဖို့ ၊ မိန်းကလေး ၊ ယောကျ်ားလေး တစ်ယောက်တည်း မသွားဖို့ အတန်တန် သတိပေးပါတယ်)

ဒုစရိုက်သမား တောကြောင်တွေကို ရှင်းလင်းရေး လုပ်မယ်ဆိုရင် ဒီနေရာကို အာရုံစိုက်ဖို့လိုပါတယ်။ (တောကြောင်တွေကို အသံတိတ် လိုက်ရှ-င်းတဲ့ မြို့ပြပျောက်ကြားအဖွဲ့တွေကို ပြောတာပါ)

ပြီးခဲ့တဲ့ အောက်တိုဘာကတည်းက သတိပေးချင်ပေမဲ့ ရှင်းလင်းရေး “သွား”ပြီးမှ အသိပေးမယ်လို့ ယူဆထားပေမဲ့ အခြေအနေက အတော်ဆိုးလာလို့ပါ။ နေ့စဉ်ရက်ဆက်နီးပါး ဖြစ်နေပုံပေါ်တယ်။

ကျွန်တော်တို့ ပြည်သူတွေမသိကြတာ ပြန်ပြောရဲတဲ့ သူတွေ နည်းတာလည်း ပါပါမယ်။

စကစဘက်က အဲဒီနေရာ အတော်ဆိုးနေတယ်ဆိုတာ သိသိနဲ့ လွှတ်ထားတာ များပါပြီ။ တကယ်တမ်း အစ ရှိလို့ လိုက်ဆွဲမယ်ဆိုရင် အဲ့နားက ငါးဖမ်းတဲ့သူတွေကို -ိုက်စစ်ရုံနဲ့ ဘယ်သူဘယ်ဝါ ဆိုတာ မိနိုင်တယ်။

ဒီနေရာကို လုံခြုံရေးအရ တစ်ခုခု လုပ်ဖို့ လိုနေပြီ (ရန်ကုန်မြို့တွင်း အခြားနေရာတွေမှာလည်း ဒုစရိုက်မှု ဆက်တိုက် ဆိုးရွားနေတာ ရှိတယ်)

ကျွန်တော်တို့ မသိသေးတာ၊ လူအများမသိသေးတာ ရှိမယ်။ ဥပမာ – ဘူတာရုံလမ်း ဘက်လည်း ညနေစောင်း အဖွဲ့လိုက် လုယက်တဲ့နေရာမှာ နာမည်အတော်ထွက်တယ်။

အဲလိုနေရာတွေ သိရင် ကွန်းမန့်ထဲမှာ ရေးခဲ့ပေးပါ တခြားသူတွေလည်း ဂရုစိုက်နိုင်ဖို့ ပါ) ပြည်သူတွေ သတိပြုမိ ပါစေ။ ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ပါစေ။

Min Khant Aung