ရေတိမ်ဆိုပီး အထင်သေးမိလို့ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ ရန်ကုန်အလှပြင်ဆိုင်မှ မိန်းကလေးနှစ်ဦး…
ကန်စပ်တိမ်သော်လည်း ကန်လယ်နက်သည့်ကန်အတွင်း ရေဆင်းဆော့ရာမှရေနစ်သေဆုံးသွားသည့် မိန်းကလေး၂ ဦးအလောင်းအားပြန်တွေ့ရှိမှု ဖြစ်ပွားခဲ့ပါတယ်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိက်ပုတ်ကျေးရွာရှိ အကျယ် ပေ ၅၀၀ ပတ်လည်ခန့် ကန်အတွင်းရေနစ်သေဆုံးသွားသည့် အမျိုးသမီး ၂ ဦး၏ရုပ်အလောင်းများအား

မတ် ၇ ရက်(ယနေ့)နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ရကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။
ရေနစ်သေဆုံးခဲ့သည့် အမျိုးသမီး ၂ ဦးသည် မတ် ၆ ရက်(ယမန်နေ့) ညနေ ၄ နာရီခန့်က ကန်အတွင်းရေဆင်းဆော့ရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့သဖြင့်
မှော်ဘီမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။
ရှာဖွေမှုအား ညနက်သည်အထိပြုလုပ်ခဲ့ကြသော်လည်း တွေ့ရှိခဲ့ခြင်းမရှိသဖြင့် မတ် ၇ ရက်(ယနေ့) တွင်လည်း
နံနက်အစောပိုင်းမှစတင်၍ ရှာဖွေမှုများဆက်လက်ပြုလုပ်ခဲ့ကြပြီး ပုလဲအရန်မီးသတ်တပ်ဖွဲ့မှလည်း ဝိုင်းဝန်းကူညီရှာဖွေပေးခဲ့ကြသည်။
“ရေနစ်ပျောက်ဆုံးသူ ၂ ယောက်ရဲ့မိသားစုဝင်တွေက ဝိုင်းရှာပေးဖို့အကူအညီတောင်းတာနဲ့ ကူညီပြီးရှာဖွေပေးခဲ့ပါတယ်
၈ နာရီကျော်လောက်ကစပြီး လှေတွေနဲ့ရော ရေငုတ်ပြီးတော့ရှာဖွေခဲ့ပါတယ်။ ကန်အကျယ်က ပေ ၅၀၀ ပတ်လည်လောက်ရှိတယ်။
အနက်က အလယ်မှာဆိုရင် ပေ ၁၀၀ လောက်ရှိတယ်”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်ကပြောသည်။
ထို့ကြောင့် ရေနစ်ပျောက်ဆုံးသွားသည့် အမျိုးသမီး ၂ ဦး၏ရုပ်အလောင်းများအား နံနက် ၉ နာရီ ၃၅ မိနစ်နှင့်
နံနက် ၁၀ နာရီ ၁၅ မိနစ်တို့၌ ပြန်လည်တွေ့ရှိခဲ့ရသဖြင့် မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“ရေနစ်သေဆုံးသွားတဲ့ ကောင်မလေး ၂ ယောက်က ရွှေပြည်သာဘက်က အလှပြင်ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတဲ့ ဝန်ထမ်း ၂ ယောက်လို့သိရပါတယ်
အသက်(၂၀)ကျော်လေးတွေပဲရှိပါသေးတယ်”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်ကပြောသည်။
credit to orginal