ဖားကားရိုက်နေတဲ့ ဒါရိုက်တာ ဝိုင်းကို ဒဲ့ပြောချလိုက်တဲ့ ပြည်သူ့မင်းသားကြီး မင်းမော်ကွန်း…

ပြည်သူ့မင်းသားကြီး မင်းမော်ကွန်းကတော့ စကစ ဝါဒဖြန့်ချိရေး ဇာတ်ကား ရိုက်ကူးနေတဲ့ ဒါရိုက်တာဝိုင်းကို ဒဲ့ပြောချလိုက်ပြီ ဖြစ်ပါတယ်။

“ခြုံစောင်လေးတစ်ထည် ဆိုတဲ့စစ်‌ေ-ာမကားကိုရိုက်နေတဲ့ ဒါရိုက်တာ ဝိုင်းရေ ခင်များသမိုင်းတွေသိပ်လှနေပါပြီ နီစဉ်ကာလတုန်းကလည်း ခင်များလောက်နီတာမရှိ

အခု ‌ေ-ာစုပ် -ီးနမ်းတော့လည်း ခင်များကအကြမ်း ဆိုတော့ကာ တော်လှန်ရေးပြီးရင်လဲ ခင်များတို့သာ ‌ေ-ာက်ခွက်ပြောင်နေရာယူကြပါ ကျုပ်ကတော့ -ီးပါပဲ ထွီ” ဆိုပြီး မင်းမော်ကွန်းက သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

ဒါရိုက်တာဝိုင်းဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ရှောင်တိမ်းနေရာကနေ အိမ်ပြန်ရောက်စဉ် ဖမ်းဆီး ခံခဲ့ရပြီး ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ပြန်လည် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီး ခံရချိန်က တလကျော်သာ ကြာမြင့်ခဲ့တာသာ ဖြစ်ပါတယ်။

ပြန်လွတ်မြောက်လာပြီးနောက် ဒါရိုက်တာဝိုင်းဟာ စကစရဲ့ ဝါဒဖြန့်ချိမှု လုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့ပြီး စကစက ပြုလုပ်ခဲ့တဲ့ ၂၀၂၃ ခုနှစ် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲမှာ စီစဉ်သူတဦးအနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ယခုအချိန်မှာလည်း စကစရဲ့ ဝါဒဖြန့်ချိရေး ဇာတ်ကား ရိုက်ကူးနေတာကြောင့် ပြည်သူ့မင်းသားကြီး မင်းမော်ကွန်းက ပေါ်တင်ဒဲ့ပြောလိုက်ပြီး ပရိသတ်တွေကလည်း ဝေဖန်နေကြတယ်လို့ သိရပါတယ်။

Credit