ကြောက်စရာကောင်းလိုက်တာ…မန္တလေးတွင် ရွှေလရောင်ဆိုင်ပိုင်ရှင် အမျိုးသမီးအား သူခိုးက
မန္တလေးတွင် ရွှေလရောင်ဆိုင်ပိုင်ရှင်အမျိုးသမီးအား သူခိုးက ရက်ရက်စက်စက် ခုတ်သ…တ်သွား
မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊မြရည်နန္ဒာရပ်ကွက်တွင်ဖွင့်လှစ်ထားသည့်
“ရွှေလရောင်” ကုန်စုံဆိုင်၌ မတ် ၁၄ ရက်(ယနေ့)နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထဲမှ သိရသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်က ချမ်းမြသာစည်မြို့ နယ်၊မြရည်နန္ဒာရပ်ကွက်၊ ၄၉ လမ်း၊ ၁၁၄ လမ်းနှင့် ၁၁၅ လမ်းကြားရှိ
နေအိမ်နှင့်ကုန်စုံဆိုင်တွဲ၍ဖွင့်ထားသည့် “ရွှေလရောင်”ကုန်စုံဆိုင်အတွင်း ဝင်ရောက်ခိုးယူနေသည့် သူခိုးမှ
အပြင်မှပြန်လာသည့် ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ရီရီလွင်(၄၇)နှစ်အား ဓားဖြင့်ခုတ်သတ်၍ထွက်ပြးသွားခဲ့ကြောင်း သိရသည်။
“စစ်ဆေးချက်အရကတော့ ဆိုင်ပိုင်ရှင်က လမ်းလျှောက်ပြန်လာတဲ့အချိန် ပက်ပင်းတွေ့လိုက်တော့
သူခိုးကအဲဒီဆိုင်မှာရှိတဲ့ဓားနဲ့ ခုတ်သတ်သွားတာ ဓားဒဏ်ရာတွေကတော့များတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ဖြစ်စဉ်မှသေဆုံးသူ၏ရုပ်အလောင်းအား လုံခြုံရေးအဖွဲ့ဝင်များ၏ စစ်ဆေးမှုများပြီးနောက်
လူမှုကူညီရေးအသင်းဝင်များက မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“လတ်တလောကတော့ ပြစ်မှုကျူးလွန်တဲ့လူကိုဖမ်းဆီးရမိဖို့အတွက် စုံစမ်းစစ်ဆေးနေတယ်
နောက်ပြီး သေဆုံးသွားတဲ့အမျိုးသမီးက အဲဒီအိမ်မှာတစ်ယောက်ထဲနေတာလို့လည်း သိထားတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
credit to orginal