အမှုပိတ်ပြီးမှ ပြန်စစ်တဲ့ မင်းရာဇာအမှု အမိန့်ချလိုက်ပါပြီ…
တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူ ဖူးငုံပွင့်နဲ့ မန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေးတို့ကို မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှ ပုဒ်မ (၃၂၆) ဖြင့် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

“ပုဒ်မ (၃၂၆) နဲ့ မြောက်ဥက္ကလာပတရာရုံးကနေ မင်းရာဇာ၊ ၄င်း၏အမျိုးသမီးဖြစ်သူ ဖူးငုံပွင့် နှင့် မင်းရာဇာမန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေး တို့ကို
အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၅) နှစ်ချလိုက်ပါတယ်။ မင်းရာဇာ စွဲဆိုခံထားရတဲ့ အမှုကတော့ ခရိုင်တရားရုံးမှာဆက်လက်ရင်ဆိုင်ဆဲဖြစ်ပါတယ်ရှင်” ဟု ဒေါ်နော်အုန်းလှထံမှ သိရပါတယ်။
၂၀၂၀ ခုနှစ်ကတည်းက ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မင်းရာဇာတို့အမှုကို ၂၀၂၁ ခုနှစ်တွင် အမှုပိတ်သိမ်းခဲ့သော်လည်း အမှုမပိတ်သိမ်းခဲ့ကြောင်း လျှောက်ထားမှုကြောင့်
တရားရုံးမှ ပြန်လည်လက်ခံကာ အမှုကိုပြန်လည်စစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်က မင်းရာဇာရဲ့ အဆိုပါ အမှုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများတဲ့ အမှု တခု ဖြစ်ခဲ့ပြီး ပရိသတ်ကလည်း ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
သရုပ်ဆောင် မင်းရာဇာဟာ အမှုဖွင့်ခံရပြီးနောက် ထွက်ပြေးခဲ့ပြီး ကရင်ပြည်နယ်ဖက်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
Source – BKR