သမီးဖြစ်သူကို လိုက်ချောင်းနေသူအား ဖခင်က ဂေါ်ပြားဖြင့် ခု-တ်သ-တ်မှုဖြစ်ပွား
အသက် ၂၇ နှစ်အရွယ် ဖခင်တစ်ဦးသည် သမီးဖြစ်သူကို လိုက်ချောင်းနေသော
အသက် ၇၇ နှစ်အရွယ် ရှိလိင်ပိုင်းဆိုင်ရာ ပြစ်မှု ကျူးလွန်ဖူး သော ရာဇဝင် ရှိသူအား
ဂေါ်ပြားနှင့် သမင်ချိုဖြင့် အသက်ေ-သဆုံးသည်အထိ ရို-က်နှက်ခဲ့ကြောင်း သိရသည်။
မတ်လ ၈ ရက်နေ့တွင် သူ၏ သမီးငယ်ကို လိုက်လံချောင်းမြောင်းသူ၏ နေအိမ်အထိ သွားရောက်ကာ
ဂေါ်ပြားဖြင့် အချက်ရေ ၁၅ ကြိမ်မှ အ ကြိမ် ၂၀ အထိ ရို-က်နှက်ခဲ့ပြီး သမင်ချိုဖြင့် ထို-းသ-တ်ခဲ့သည်။

ထို့နောက် ရဲစခန်းသို့ သွေးသံတရဲရဲဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ဂေါ်ပြားဖြင့် ရိုက်သ-တ်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း တရားရုံး၌ ကြားနာရာတွင် ပြောခဲ့သည်။
၁၉၇၉ ခုနှစ်တွင် ၆ နှစ်အရွယ် ကလေးမတစ်ဦးအား လိ-င်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးသူဖြစ်သည်။
၁ နှစ်ကျော်အရွယ် သမီးငယ် သွားရောက်နေသည့် နေ့ ကလေးထိန်းကျောင်းအနီးသို့ ဗင်ကားဖြင့် ရောက်ရောက်လာပြီး ကားထဲမှနေ၍ လိုက်ချောင်းနေကြောင်း ၂၀၁၈ ခုနှစ်တွင် တရားရုံးထံ လျှောက်တင်ခဲ့သည်။
ထို့ကြောင့် တရားရုံးသည် တရားခံအား တရားလို၏ သမီးဖြစ်သူ အနားသို့ သွားရောက်ခြင်းကို တားမြစ်သည့် အမိန့်ကို ချမှတ်ခဲ့သော်လည်း ရက်သတ္တပတ် အနည်းငယ်အကြာတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
ယခုလက်ရှိတွင် ဖခင်ဖြစ်သူသည် လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည်။
နောက်ထပ်ရုံးချိန်ကိုမူ ဧပြီလ ၁၀ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
credit to orginal