တစ်လတိတိ အခမဲ့စီးခွင့် ရမည့် EV Taxi ကားများ

တစ်လတိတိ အခမဲ့စီးခွင့် ရမည့် EV Taxi ကားများ

ရန်ကုန်မြို့မှာ EV လျှပ်စစ်တက္ကစီယာဉ်တွေကိုဘယ်သူမဆို အခမဲ့လာရောက်စီးနင်းနိုင်တဲ့အစီအစဉ်ကို မတ် ၁၆ ရက်ကစတင်ပြုလုပ်နေတယ်လို့ EV Myanmar Group တည်ထောင်သူဦးကျော်ကျော်ထွန်းကပြောပါတယ်။

အခုအစီအစဉ်မှာ ပါဝင်နိုင်ဖို့အတွက် ဝက်ဘ်ဆိုက်မှာ စာရင်းပေးသွင်းပြီးတော့ ရန်ကုန်မြို့၊ လသာမြို့နယ်၊ လသာလမ်းမှာ လာရောက်စီးနင်းနိုင်တယ်လို့ ဦးကျော်ကျော်ထွန်းကပြောပါတယ်။ EV လျှပ်စစ်ကားတွေကို စီးနင်းတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တာ၊ဓာတ်ဆီ ဒီဇယ်ဖိုးကို သက်သာစေတာအပြင်

စီးနင်းသူတွေကိုလည်း လုံခြုံမှု ရှိစေတယ်လို့ ဆိုပါတယ်။EV လျှပ်စစ်ကားစီးနင်းရတာ သက်တောင့်သက်သာရှိပြီး သွားလာရလည်း အဆင်ပြေတယ်လို့ EV ကား စမ်းသပ်စီးနင်းသူကိုပြည့် ကလည်းပြောပါတယ်။

လူတိုင်းအခမဲ့ စီးနင်း/မောင်းနှင်နိုင်တဲ့ EV တက္ကစီအစီအစဉ်ကိုတော့ တစ်လတိတိသတ်မှတ်ထားပြီး အခမဲ့ စီးနင်းခြင်းခွင့်ပြုချက်ယူနိုင်ဖို့အတွက်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့ လိုအပ်တယ်လို့ သိရပါတယ်။