အရေပြားဆရာဝန်တွေအကြံပေးထားတဲ့အသားအရေထိန်းသိမ်းနည်းလျှို့ဝှက်ချက်(၆)ချက်…

September 30, 2023 admin 0

အရေပြားဆရာဝန်တွေအကြံပေးထားတဲ့အသားအရေထိန်းသိမ်းနည်းလျှို့ဝှက်ချက်(၆)ချက်အရေပြားအထူးကုတွေနဲ့တစ်ကြိမ်လောက်တော့တွေ့ဆုံပြီးအသားအရေထိန်းသိမ်း နည်းကိုသေသေချာချာမေးကြည့်ဖူးချင်တယ်ဟုတ်ဒါဆိုရင်တော့ဒီဆောင်းပါးလေးဟာအရေပြားဆရာဝန်တွေအကြံပေးထားတဲ့အသားအရေထိန်းသိမ်းနည်းလျှို့ဝှက်ချက်လေးတွေ           ဖြစ်လို့ကွက်တိပဲနော်ဒီနည်းလမ်းလေးတွေအတိုင်းလိုက်နာပေးခြင်းဖြင့်ကျန်းမာပြီးလှပတဲ့အသားအရေလေးကိုရရှိမှာဖြစ်ပါတယ်(၁)ကောင်းမွန်စွာဆေးကြောပါမျက်နှာသစ်တဲ့ အခါပြင်းထန်တဲ့ဓာတုပစ္စည်းပါတဲ့မျက်နှာသစ်ဆပ်ပြာတွေကို မသုံးပါနဲ့အသားအရေကိုအတွင်းပိုင်းအထိအစိုဓာတ်ဖြည့်ပေးနိုင်တဲ့မျက်နှာသစ်ဆေးမျိုးကိုအသုံးပြုပေးပါ (၂)Sunscreenများများလိမ်းပါSunscreenလိမ်းတဲ့အခါနည်းနည်းလေးပဲမလိမ်းပါနဲ့ထူထူနဲ့များများလေးလိမ်းပေးလိုက်ပါဒါမှအသားအရေရဲ့အတွင်းပိုင်း၂လွှာလောက် အထိစိမ့်ဝင်ပြီးနေရောင်ခြည်ဒဏ်ကိုပိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်၃ဗူးအသေးရွေးဝယ်ပါအလှကုန်တွေစကင်းကဲတွေဝယ်တဲ့အခါဗူးကြီးထက်ဗူးသေးတွေကိုဝယ်ပါအကြောင်း ကတော့ဝယ်တဲ့အချိန်ကြာလာတာနဲ့အမျှအာနိသင်တွေက တဖြည်းဖြည်းနည်းသွားတာကြောင့်ပါ(၄)ဇောက်ထိုးနေပါဦးခေါင်းကို မကြာမကြာအောက်စိုက်ပြီးမိနစ်အနည်းငယ်နေ လိုက်ပါဒီနည်းလမ်းဟာသွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးအသားအရေကိုစိုပြည်ဝင်းလက်နေစေပါတယ်ယောဂသင်တန်းတွေကိုလည်းအချိန်ပေးပြီးတက်နိုင်ရင်အရမ်းကောင်းပါ တယ်(၅)မှန်ကန်တဲ့အိပ်ရာခင်းတွေကိုအသုံးပြုပါအိပ်နေစဉ်မှာလည်းအရေးကြောင်းတွေဖြစ်နိုင်ပါတယ်သင်အသုံးပြုနေတဲ့ ခေါင်းအုံးစွပ်ကသင့်ရဲ့မျက်နှာအသားအရေကိုပျက်စီး စေနိုင်ပါတယ်ဖဲသားခေါင်းအုံးစွပ်ကအကောင်းဆုံးဖြစ်ပါတယ်(၆)အုန်းရည်သောက်ပါအုန်းရည်ဟာအသားအရေအတွက်ဘယ်လောက်အစွမ်းထက်တယ်ဆိုတာအရေပြား ဆရာဝန်တိုင်းသိကြပါတယ်အုန်းရည်ကိုနေ့စဉ်ပုံမှန်သောက်သုံးပေးခြင်းဖြင့်သင့်အသားအရေဟာတစ်ပတ်အတွင်းကြည်လင်ဝင်းပသွားတာကိုတွေ့မြင်ရမှာပါမျက်နှာပေါင်းတင်ရာမှာလည်းအသုံးပြုနိုင်ပြီးဘယ်လိုအသားအရေမျိုးနဲ့မဆိုတည့်ပါတယ်။Credit

ဒီကာလကြီးမှာ သင်ဟာ သူဌေးဖြစ်ဖို့ဆန္ဒအရမ်းပြင်းပြနေလား..ဒါလေးဖတ်ကြည့်…

September 27, 2023 admin 0

သူဌေးဖြစ်ဖို့ဆန္ဒမစောပါနဲ့ခရမ်းချဉ်သီးပွဲစားတစ်ယောက်ပြောခဲ့ဖူးတဲ့စကားလေးကိုသွားသတိရမိတယ်။ငါ့မှာပိုက်ဆံသိန်းသုံးရာရှိရင်ငါသိန်းနှစ်ရာပဲထုတ်ရင်းတယ်။တစ်ရာကမတော်တဆရှုံးသွားခဲ့ရင်ပြန်ရင်းဖို့အရင်းအနှီးအနေနဲ့ ချန်ထားတယ်။ငါ့ဂိုဒေါင်ကကုန်ချိန်ခြောက်သောင်းဆန့်ရင်လေးသောင်းပဲထည့်တယ်။နှစ်သောင်းကကြိုက်စျေးရရင်ထပ်ထည့်ဖို့ချန်ထားတယ်ဘာကြောင့်လဲဆိုတော့ငါကဆင်းရဲသားဘဝကနေတက်လာတာ။ငါ့မှာရှိသမျှပုံအောပြီးလုပ် လိုက်လို့မတော်တဆရှုံးသွားခဲ့ရင်ဆင်းရဲတဲ့ဘဝကိုငါပြန်ရောက်သွားမှာကြောက်တယ်တဲ့။သူပြောတဲ့စကားနဲ့ကျနော့အဖေပြောတဲ့စကားနဲ့သွားတူနေတယ်ငါ့သားအလုပ်လုပ်ရင်ရေကာတာစီမံကိန်းနဲ့လုပ်ရတယ်ကွ။ရေကာတာစီမံကိန်းဆိုတာက ကုန်ထမ်းသမားတစ်ယောက်ဟာအချိန်သုံးဆယ်ကိုထမ်းနိုင်တဲ့အားရှိရင်အချိန်နှစ်ဆယ်ပဲထမ်းသင့်တယ်ဘာကြောင့်လဲဆိုတော့မတော်တဆချော်လဲရင်ကိုယ့်ကိုယ်ကိုပြန်ထောက်နိုင်ဖို့အားကျန်နေသေးတယ်။အချိန်သုံးဆယ်နိုင်တဲ့လူကအချိန်သုံး ဆယ်ဝိတ်ကြီးကိုထမ်းထားလို့မတော်တဆချော်လဲလို့ကတော့သွားပြီ။ပြန်ထနိုင်ဖို့မလွယ်တော့ဘူး။ကျနော်မြင်ရသလောက်လဲအလုပ်လုပ်ရင်ပရမ်းပတာသူဌေးဖြစ်ခွေးဖြစ်ရှိသမျှပုံအောပြီးလုပ်တဲ့လူတွေပြုတ်သွားကြတာများတယ်။စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန်လုပ်တဲ့လူတွေပဲအောင်မြင်သွားကြတာများတယ်အရမ်းကြီးမအောင်မြင်ရင်တောင်မှအမှားနည်းတယ်ပေါ့ဗျာစစ်မှန်တဲ့အောင်မြင်မှုဆိုတာကနေ့ချင်းညချင်းဝုန်းကနဲလုပ်လို့ရတဲ့အရာမဟုတ်ပါဘူး။တစ်ဆင့်ခြင်းတစ်ဆင့် ဖြည်းဖြည်းချင်းတည်ဆောက်ယူရတဲ့အရာပါ။ဘာကြောင့်ဒီစကားပြောရလဲဆိုတော့ကျနော်တို့လိုလူငယ်တွေတော်တော်များများကအရမ်းအောင်မြင်ချင်ကြတယ်။အဲဒီမှာဆန္ဒတွေစောလောဘတွေကြီးပြီးအမှားတွေကိုလုပ်မိတော့တာပါပဲ။ အမှန်ကခေါင်းအေးအေးထားပြီးတည်တည်ငြိမ်ငြိမ်ချင့်ချင့်ချိန်ချိန်လေးနဲ့ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကိုချီတက်ရင်ပန်းတိုင်ကိုမုချမသွေရောက်ပါတယ်။ပျာယာမခပ်ဖို့လောဘမကြီးဖို့ဆန္ဒတွေမစောဖို့တော့လိုပါတယ်

သင်.ဘယ်လိုအိမ်မျိုးနဲ့နေရမလဲသိချင်ရင်ဒီနည်းလမ်းလေးနဲ့.. သင့်ဇာတာကိုစစ်ဆေးကြည့်လို့ရပါတယ်…

September 24, 2023 admin 0

သင်ဇာတာမှာဘယ်လိုအိမ်မျိုးနဲ့နေရမလဲမိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍( ၇ )ဖြင့်စားပါ ၁ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းများနှင့် အကျိုးပေးအား နည်းတတ်သည်မကြာခဏ ပြောင်းရွှေ့နေထိုင်ရသောသူများ ဖြစ်တတ်သည်တစ်နေရာတည်း၌အခြေချရန်ခက်ခဲတတ်သည်။အိမ်၌စွဲမြဲစွာနေလျှင်လည်းကျန်းမာရေးညံ့လာတတ်ပေသည်၂ ကြွင်းသော်တော်ရုံတန်ရုံ လူချမ်းသာများပင်လျှင်မနေနိုင်သောအိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတတ်သည်။ခမ်းနားထည်ဝါသော အိမ်ကြီးများ၌နေထိုင်ရတတ်သည်ယခုအခြေအနေ၌ ဆင်းရဲနေလျှင်ပင်အိမ်ကိုသပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်းအားဖြင့်စီးပွားတက်ချမ်းသာလာနိုင်ပေသည်၃ ကြွင်းသော် အိမ်ကြီးအိမ်ကောင်းများနှင့်နေထိုင်ရတတ်ပေသည်။အိမ်ကိုမကြာခဏပြင်ဆင်မွမ်းမံလေလေစီးပွားတက်လေလေ။အိမ်ကိုအကြောင်းပြု၍စီးပွားဖြစ်ထွန်းတတ်သောကြောင့်အိမ်နှင့်အလုပ်ကို တွဲထားသင့်ပေသည် ၄ကြွင်းသော်အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရမည့်ကံပါသူဖြစ်သည်။ရုတ်တရက်အမွေရခြင်း ထီပေါက်ခြင်းတို့ကြောင့်စီးပွားတက်၍လည်းကောင်း ဆုရခြင်းမဲပေါက်ခြင်း လက်ဆောင်ရခြင်းကြီးကဲသူတို့ကချီးမြှင့်ခြင်း     […]

ဘယ်လောက်အတိုးပေးမယ်ပြောပြော…မည်သူ့ကိုမှငွေမချေးပါနဲ့ ..ချေးမိရင်သေချာပေါက်ဆုံးမည့်ကာလပါ

September 22, 2023 admin 0

အရေးကြီးပါတယ်ဒီအချိန်လက်ထဲရှိတဲ့ ငွေကိုတန်ဘိုးထားပါမြန်မာနိုင်ငံရဲ့စီးပွားရေးထိခိုက်မှုပမာဏက၂၀၂၂ခုနှစ်၆လပိုင်းကနေစပြီး၁၂လပိုင်းအတွင်းမှတဖြေးဖြေးနဲ့အလွန်သိသာလာပါလိမ့်မယ်လုပ်ငန်းလည်ပတ်ဖို့ငွေကိုအသဲအသန် လိုလာကြပါလိမ့်မယ်ဘဏ်ချေးငွေမလွယ်ကူတဲ့ဒီနိုင်ငံအတွက်တော့ဒီပြဿနာကို ဖြေရှင်းဖို့လုပ်ရမယ့်နည်းလမး၂ခုပဲရှိပါတယ်လုပ်ငန်းတွေကိုပိတ်သိမ်းမလားရှိတဲ့ပစ္စည်းတွေထုခွဲရောင်းချပြီးလုပ်ငန်းကိုဆက်လက်လည်ပတ်မလား လုပ်ငန်းတွေလည်ပတ်ဖို့ကြိုစားမယ်ဆိုရင်တော့ရှိထားတဲ့ ရေ၊ကား၊အိမ်စတဲ့၃မျိုးကိုထုခွဲရောင်းချရပါမယ်ရွှေအလွယ်ကူဆုံးနဲ့အမြန်ဆုံးနာရီပိုင်းအတွင်း ငွေဖြစ်တဲ့ပိုင်ဆိုင်မှုပါသို့သော်သာမာန်လုပ်ငန်းရှင်အများစုမှာ လက်ဝတ်ရတနာကလွဲပြီး ရွှေပမာဏအများကြီးမရှိကြပါဘူးကားလုပ်ငန်းရှင်တိုင်းမှာရှိပါတယ်ဒုတိယအမြန်ဆုံး ငွေဖော်လို့ရတဲ့ပိုင်ဆိုင်မှုပါလုပ်ငန်းရပ်တန့်သွားတဲ့သူတွေရဲ့၈၀ခန့်သူတို့ကားတွေပြန်ရောင်းကြပါလိမ့်မယ်ဘလို့လဲဆို တော့ မြန်မာပြည်ကလူတွေဟာ ငွေသားပိုင်ဆိုင်မှုပမာဏရဲ့၅၀% ကျော်ကိုကားဝယ်ဖို့ယလွဲမှားစွာအသုံးပြုထားကြတဲ့အတွက်ပါဥပမာ ငွေသားသိန်း၅၀၀ချမ်းသာသူကသိန်း၃၀၀တန်ကားလောက်ဝယ်စီးထားကြပါတယ်နောက်   တစ်ချက် နှစ်ရှည်အရစ်ကျစနစ်နဲ့ဝယ်ထားတဲ့ကားတွေလစဉ်ပုံမှန်ငွေဆက်သွင်းဖို့ခက်လာကြပါလိမ့်မယ်တချို့သိန်းထောင်ဂဏန်းကားတွေဆို၅ နှစ်အရစ်ကျဝယ်ရင်တစ်လကို၁၈သိန်းနဲ့သိန်း၂၀ခန့်ဘဏ်ကိုလစဉ်သွင်းကြရပါတယ် ဒီကားတွေ ငွေဆက်မသွင်းနိုင်တော့ရင် ရောင်းချပြီးငွေဖော်ကြပါလိမ့်မယ်အိမ်လက်ရှိအချိန်မှာငွေဖော်ရအခက်ဆုံးပိုင်ဆိုင်မှုပါနေရာကောင်းလေးတွေသာ ဗိုက်နာဈေးနဲ့ ငွေဖော်လို့ရမှာ ဖြစ်ပြီးကျန်တဲ့နေရာတွေကတော့ […]

ညအိပ်ယာမဝင်မီ(၃)မိနစ်ခန့်ခြေဖဝါးကိုမုန်ညှင်းဆီလိမ်းကြည့်ပါ…

September 21, 2023 admin 0

မုန်ညင်းဆီဘယ်လောက်စွမ်းလဲဆိုတာသိချင်ရင်ညအိပ်ယာမဝင်မီ(၃)မိနစ်ခန့်ခြေဖဝါးကိုမုန်ညှင်းဆီလိမ်းကြည့်ပါညအိပ်ယာမဝင်မီ(၃)မိနစ်ခန့်ခြေဖဝါးကိုမုန်ညှင်းဆီပွတ်လိမ်းခြင်းဖြင့်သွေတိုးခြင်းမှထိန်းပေးသည်အမျိုးသားခွန်အားတိုး စေသည်မှတ်ဥာဏ်အားကောင်းစေသည်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေသည်လန်းဆန်းတက်ကြွစေသည်အဆီကျစေသည်မျက်စိအားကောင်းစေသည်မျက်စိပါဝါများသူအနေဖြင့်လျော့နည်းစေသည်အာရုံကြောအားနည်းသူများအတွက်သင့်လျော်သည်။ခေါင်းကိုက်ရောဂါပျောက်ကင်းစေသည် ဒူးနာခါးနာသူများသက်သာစေသည်၀မ်းချုပ်သူများအစာအိမ်ရောဂါရှိသူများအတွက်အထူးသင့်လျော်သည်အချိန်မတိုင်မီအိုမင်းရင့်ရော်ခြင်းမှကာကွယ်သည်ခြေထောက်ဖောရောင်ခြင်းမှကာကွယ်ပေးသည်ကျန်းမာသုတရကြပါစေရှင်မူရင်းရေးသားသူအားလေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်ရှင်

မိမိနေအိမ်ကို လာဘ်ပိတ်စေတတ်သော အကြောင်းအရင်း (၆) မျိုး…

September 18, 2023 admin 0

ရှောင်နိုင်သမျှရှောင်တာအကောင်းဆုံးပဲနေအိမ်နဲ့ပတ်ဝန်းကျင်မှာမလုပ်သင့်မလုပ်အပ်တဲ့အရာတွေကြောင့်လာဘ်မပိတ်စေဖို့ရှောင်ကြဉ်ရမယ့်အချက်လေးတွေကိုပြောပြပေးလိုက်ပါတယ်ဒီအရာတွေသာလုပ်မိနေရင်ကြိုးစားနေလည်းထင်သလောက် စီးပွားမဖြစ်တာစီးပွားတက်ဖို့ကြန့်ကြာတာ၊အဆိုးဆုံးတက်နေတဲ့စီးပွားကနေ အပျက်ဘက်ရောက်လာတဲ့အထိအန္တရာယ်ရှိတတ်တာမို့သတိထားရှောင်ကြဉ်နိုင်ရင်တော့အကောင်းဆုံးပါပဲအိပ်ရာကိုအခန်းတံခါးနဲ့နံရံတစ်ဘက်တည်းမှာမထားပါနဲ့ ဒီအချက်ကအရေးကြီးလားဆိုရင်အရေးကြီးပါတယ်အိပ်ရာဆိုတာအိမ်တစ်အိမ်အတွက်အရေးကြီးတဲ့နေရာတစ်နေရာပါလူတွေကနေအိပ်စက်ခြင်းကနေအားအင်တွေမွေးမြူပြီးအသစ်တဖန်စတင်ဖို့ခွန်အားတွေရလာပါတယ် ဒါကြောင့်အိပ်စက်နေတုန်းအချိန်မှာကောင်းမွန်တဲ့စွမ်းအင်တွေကိုယ့်အိပ်ခန်းထဲဝင်ရောက်ဖို့အိပ်ရာကနေတံခါးနဲ့အပေါက်ဝကိုမြင်နိုင်ဖို့လိုပါတယ်ဒီလိုသာတံခါးနဲ့ ကပ်ထားလိုက်မယ်ဆိုရင်မြင်ရတော့မှာမဟုတ်ပဲကောင်းမွန်တဲ့စွမ်းအင်တွေဝင်လာတာကိုတားဆီးနိုင်ပါတယ် ဒီလိုကပ်ရပ်ထားမိပြီးပြန်ပြင်ဖို့လည်းမလွယ်ကူတော့ဘူးဆိုရင်ရောင်ပြန်မြင်ရတဲ့ မှန်တစ်ချပ်ထောင်ထားခြင်းကနေအခန်းတံခါးကိုရောင်ပြန်မြင်နိုင်အောင်လုပ်ပြီး ကောင်းမွန်တဲ့စွမ်းအင်တွေဝင်လာအောင်စုပ်ယူနိုင်ပါတယ်။ သန့်စင်ခန်းထဲကအိမ်သာအိုးအဖုံးဖွင့်မထားပါနဲ့ဒီအချက်ကလုပ်ရတာလွယ်ကူတယ်ဆိုပေမယ့်လည်းလုပ်ဖို့မေ့ရတာလည်းလွယ်ကူပါတယ်တော်တော်များများက သတိလက်လွတ်ပဲသန့်စင်ခန်းသုံးပြီးတိုင်းအဖုံးပြန်ပိတ်ဖို့မေ့တတ်ကြပါတယ် ခုလိုဖွင့်ထားကမကောင်းတဲ့အညစ်အကြေး၊မကောင်းတဲ့အနံ့အသက်တွေကိုဖြစ်စေတဲ့အပြင်ကိုမှမကောင်းတဲ့စွမ်းအင်တွေကိုပါစုပ်ယူနိုင်ပါတယ်သန့်စင်ခန်းသုံးပြီးတိုင်းအဖုံးပြန်ပိတ်တာကဝင်လိုက်တိုင်းအနံ့ဆိုးတွေမကောင်းတဲ့ အညစ်အကြေးတွေကြောင့်စိတ်မသက်မသာမဖြစ်စေရပဲမကောင်းတဲ့စွမ်းအင်တွေမဝင်ရောက်အောင်ပါတားဆီးပေးပါတယ်မှန်တွေကိုအထားအသိုမှန်အောင်စီစဉ်ပါအိမ်ကထွက်တိုင်းအဆင်ပြေ၊မပြေတစ်ချက်၊တစ်ချက်ပြန်ကြည့်တတ်တဲ့သူတွေအတွက်တော့အိပ်ခန်းထဲမှာတင်မက အိမ်ရှေ့ဧည့်ခန်းလိုနေရာတွေ၊အိမ်တံခါးဝတွေမှာပါမှန်ချပ်တွေထားကြပါတယ်ဒီလိုထားတာဘာမှတော့မဖြစ်ပေမယ့်အထားအသိုမှန်ဖို့ဂရုစိုက်ရပါမယ်အိမ်ရဲ့တံခါးပေါက်ကကောင်းမွန်တဲ့စွမ်းအင်တွေ၊ကောင်းခြင်းမဂ်လာတွေအိမ်ထဲဝင်လာအောင်ခေါ်ဆောင်ပေးပါတယ် ဒီနေရာမှာကိုယ်ကမှန်တစ်ချပ်ထောင်ထားလိုက်လို့ရောင်ပြန်သဘောဖြစ်နေပြီး အိမ်ထဲဝင်လာရမယ့်စွမ်းအင်တွေရောင်ပြန်ထွက်သွားတတ်တာကိုသတိထားပါအကောင်းဆုံးကတော့မှန်ချပ်တွေကိုအိမ်တံခါးဝ၊ဝင်ပေါက်ရှေ့တည့်တည့်မှာ ထားတာမျိုးမဟုတ်ပဲဘေးနှစ်ဖက်မှာထားခြင်းပါ။ အိပ်ခန်းထဲမှာအပင်တွေနဲ့စိမ်းစိုအောင်မထားပါနဲ့အပင်တွေနဲ့အလှဆင်ထားတဲ့ အခန်းတစ်ခန်းဟာလှပလွန်းပြီးနေချင်စဖွယ်ကောင်းတယ်ဆိုတာအားလုံးအသိပါ ဒီလိုအတွေးတွေကြောင့်မိမိရဲ့အိပ်ခန်းလေးကိုနေချင်စဖွယ်ဖြစ်အောင် နေရာလွတ်တွေအားလုံးကိုအပင်တွေနဲ့အလှဆင်မယ်လို့မတွေးလိုက်ပါနဲ့အများစုအပင်တွေနဲ့အလှဆင်တတ်တဲ့နေရာတွေကအိမ်ရှေ့ဧည့်ခန်းတွေ၊ခြံထဲတွေ၊ခြံရှေ့တွေမှာပါဒါကိုမှထူးထူးခြားခြားဖြစ်အောင်အိပ်ခန်းထဲမှာပါအလှဆင်ဖို့ ‌တွေးလိုက်ပြီဆိုရင်လိုတာထက်မပိုပါစေနဲ့လို့ပြောပါရစေအိပ်ခန်းထဲစိမ်းစိမ်းစိုစိုအပင်လေးတွေရှိနေတဲ့အခါနေချင်စဖွယ်ကောင်းတာမှန်ပေမယ့်အရမ်းများလွန်းတဲ့အခါကိုယ့်အိပ်ခန်းထဲဝင်ရောက်လာမယ့်ကောင်းမွန်တဲ့စွမ်းအင်တွေကိုအပင်တွေကစုပ်ယူသွားနိုင်ပါတယ်။ အခန်းထဲမှာစိတ်ရှုပ်မပွစေပါနဲ့ရှုပ်ပွနေတဲ့အခန်းထဲဝင်နေရတဲ့လူတစ်ယောက်နေရာကခံစားကြည့်ပါအရမ်းစိတ်ကြဉ်းကြပ်လွန်းပြီးမွန်းကြပ်နေသလိုခံစားနေရပါလိမ့်မယ်သန့်ရှင်းသပ်ရပ်နရှင်းလင်းနေမယ်မျက်စိထဲအမြင်ရှင်းနေမယ်မြင်ကွင်းတိုင်း ကကြည်လင်နေမင်းလင်းနေမယ်မျက်စိထဲအမြင်ရှင်းနေမယ်မြင်ကွင်းတိုင်းကကြည်လင်နေမယ်နှစ်လိုဖွယ်ဖြစ်နေမယ်နောက်ဆက်တွဲရလာဒ်အနေနဲ့ကိုယ့်စိတ်ပါကြည်လင်လာတယ်။ရှုပ်ပွနေတဲ့အခန်းထဲဘယ်သူမှမနေချင်ပါဘူး နောက်တစ်ခုကရှုပ်ပွနေတဲ့အခန်းကလည်းကောင်းမွန်တဲ့စွမ်းအားတွေဝင်လာဖို့ပိတ်ဆို့နေတဲ့အတားအဆီးတစ်ခုပါအိပ်ခန်းမှမဟုတ်ပါဘူး၊တစ်အိမ်လုံးအကောင်းဓာတ်တွေလွှမ်းခြုံချင်ရင်တစ်အိမ်လုံးသန့်ရှင်းအောင်ထားပါ […]

မိမိနေအိမ် စီးပွားတက်ပြီး ငွေအစုလိုက်အပြုံလိုက်ဝင်လာတော့မယ့် နိမိတ်များ…

September 18, 2023 admin 0

စီးပွားရေးတက်တော့မည့်နိမိတ်များအခုဖော်ပြမယ့်နိမိတ်တွေ တွေ့ရပြီမြင်ရပြီဆိုရင်စီပွားရေးတက်တော့မယ်ကံကောင်းတော့မယ်လို့ကြိုတင်သိထားပါမိမိအိမ်ခေါင်းရင်းဘက်အိမ်က   အလှူကြီးအတန်းကြီးလှူရင်ဖြစ်စေအိမ်တက်တရားနားရင်ဖြစ်စေးအဲဒီနိမိတ်ကြုံလာရင်သေချာပေါက်စီးပွားတက်တော့မယ်သူတို့အလှူကိုသွားပြီးလည်းကူညီပါသူတို့လှူတာကြွေး တာကိုလည်း အားရပါးရစားပါတစ်ခုတော့သတိထားအလှူပြီးလို့မဏ္ဏုပ်ဖျက်တာတို့ပစ္စည်းတွေသိမ်းတာဆည်းတာတွေကိုလုံးဝသွားမကူပါနဲ့ မသိချင်ယောင်ဆောင်နေပါကူညီမိ တယ်ဆိုရင်တော့စီးပွားမတက်တော့ဘူးခေါင်းရင်ဘက်ကအိမ်မှာရေတွင်းရေကန်တူးဖော်နေရင်အရမ်းကောင်းကိုယ်တိုင်သွားကူပေးလိုက်စီးပွားတက်တော့မယ်မိမိအိမ်ရဲ့   ခြေရင်းဘက်ကအိမ်မှာနာရေးအသုဘပေါ်လာရင်သေချာပေါက်စီးပွားတက်တော့မယ်ဒူးနံ့နေတော့အဲဒီအိမ်ကိုမသွားနဲ့စိတ်မကောင်းကြောင်းသွားမပြောနဲ့ ထီဆုကြီးတွေတောင် ပေါက်တတ်တယ်ကိုယ့်အိမ်ခြေရင်းကိုယ့်အခန်းခြေရင်းဘက်ကလင်မယားတွေခဏခဏစကားများရန်ဖြစ်တာနေ့တိုင်းကြားနေရပြီဆိုရင်ဝမ်းသာနေတော့စီးပွားတက်တော့မယ်အိမ် နောက်ဖေးမီးဖိုမှာဖြစ်ဖြစ်အိမ်သာမှာဖြစ်ဖြစ်ပျားလာစွဲရင်စီးပွားတက်တော့မယ်အဲဒီပျားမပျံအောင်ဂရုစိုက်ဘုရားပုံတော်တွေဘုရားဆင်းတုတော်တွေဘုန်းကြီးရဟန်းတွေ ဝတ်ဖြူစင်ကြယ်နဲ့ပုဂ္ဂိုလ်တွေကိုအိမ်ကိုဝင်လာတယ်အိမ်မက်မက်တယ်ဆိုရင်ပြန်ပြီးမအိပ်မိစေနဲ့ထီထိုးရတယ်အလုပ်တွေကိုဖိလုပ်ရတယ်ရဲရဲတင်းတင်းရင်းနှီးမြုပ်နှံရတယ်ကံကောင်း   ချမ်းသာစီးပွားတက်တော့မယ့်နိမိတ်တွေပဲကြာပန်းတွေနဲ့ရေကန်ကြီးရေတွေကလည်းကြည်စိမ်းနေတာပဲအဲဒီအိမ်မက်မျိုးမက်ရင်ချမ်းသာတော့မယ့်နိမိတ်ပဲအဲလိုအိမ်မက်မက်ပြီး ရင်ပြန်မအိပ်တော့နဲ့လင်းပေါက်ထိုင်ချင်ထိုင်မထိုင်ချင်ပုတီးစိတ်မစိတ်ချင်တစ်ခုခုလုပ်နေပြန်ပြီးတော့မအိမ်မိစေနဲ့ရေကကြည်နေရမယ်နော်ရေတွေကနောက်နေရင်တော့ဆန့်ကျင် ဘက်လို့နားလည်ထားရေတွေကနောက်တယ်ဆိုရင်ပြန်အိပ်ပေါမြင်းဖြူဆင်ဖြူစီးရတယ်ဖြစ်ဖြစ်ကိုယ့်အိမ်ထဲကိုဝင်လာတယ်ဖြစ်ဖြစ်မက်ရင်ကောင်းပြီသူဌေးဖြစ်တော့မယ်ပြန်မအိပ် နဲ့အများကြီးကျန်ပါသေးတယ်ထပ်တင်ပေးရအုံးမှာလားဆက်လက်ပြီးအားပေးမှာလားစိတ်ဝင်စားလာအားပေးမှုတောင်းဆိုမှုကိုတစ်ချက်ကြည့်မယ်ဂမ္ဘီရလမ်းကြောင်းပေါ်ကဘာမှမသိသေးတဲ့creditမင်းမြတ်သုခမရမ်းတလင်းယတြာ

ငွေအရင်းအနှီးမလိုပဲ..စပြီးလုပ်နိုင်တဲ့..စီးပွားရေးလုပ်ငန်း (၆)မျိုး…..

September 17, 2023 admin 0

အင်တာနက်ထွန်းကားနေတဲ့ဒီခေတ်ကြီးမှာဖုန်းတစ်လုံးရှိရုံနဲ့ကုမ္ပဏီထောင်နိုင်ပါတယ်ဗျာတကယ်တော့ဒါဟာသင့်ရဲ့မူပိုင်ရောင်းကုန်ဖြစ်ပါတယ်တစ်ချိန်ကAmericanDreamဆိုတဲ့စကားတစ်ခွန်းဟာစီးပွားရေးအသိုက်အမြုံကောင်းတစ်ခုကိုရွှေတွင်းတူးသလိုတူးချင်တဲ့လူတွေအတွက်မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့ပါတယ်သန်းနဲ့ချီတဲ့အမေရိကန်တွေချမ်းသာကြွယ်ဝခြင်းဟာရွှေတွင်း၊ငွေတွင်းတွေတူးမိလို့ချမ်းသာခဲ့တာမဟုတ်ပါဘူး။     သင်လည်းချမ်းသာတဲ့သူဖြစ်နိုင်ပါတယ်တကယ်လို့သူ့ဦးနှောက်ထဲကရတနာသိုက်ကိုဖောက်နိုင်ပြီဆိုရင်ပေါ့သင့်ဦးနှောက်ထဲမှာဘယ်လိုရတနာတွင်းရှိသလဲဆိုတာကိုဒီလုပ်ငန်း(၆ခုနဲ့နှိုင်းယှဉ်သုံးသပ်နိုင်ပါတယ်နော်၁အိမ်တွင်းလက်မှုဖန်တီးချက်လေးများတကယ်တော့လူတိုင်းအမှတ်တမဲ့နေမိတတ်တဲ့တစ်ကိုယ်ရည်ကျွမ်းကျင်တဲ့အနုပညာစွမ်းရည်လေးတွေရှိတတ်ပါတယ်     ဥပမာပလတ်စတစ်အမှိုက်ကနေဒီဇိုင်းလှပတဲ့ဖုန်းအိတ်ကလေးတွေလွယ်အိတ်လေးတွေနဲ့ခွက်ကလေးတွေဖန်တီးတာမျိုးပါအပြင်ကနေကြည့်ရင်ဒါဟာဈေးကွက်ဝင်ရောင်းကုန်မဟုတ်ဘူးလို့ထင်ပါလိမ့်မယ်တကယ်တော့ဒါဟာသင့်ရဲ့မူပိုင်ရောင်းကုန်ဖြစ်ပါတယ်အင်တာနက်ထွန်းကားနေတဲ့ဒီခေတ်ကြီးမှာဖုန်းတစ်လုံးရှိရုံနဲ့ကုမ္ပဏီထောင်နိုင်ပါတယ်သင့်ရဲ့ဖန်တီးမှုကိုအွန်လိုင်းShopping platformsတွေကနေရောင်းနိုင်သလိုနောက်ဆုံးFacebookမှာPageထောင်ပြီးတော့တောင်ရောင်းချနိုင်ပါတယ်     (၂)အိမ်အကူဝန်ဆောင်မှုနိုင်ငံရပ်ခြားမှာသိပ်ခေတ်စားတဲ့အလုပ်တစ်မျိုးဖြစ်ပါတယ်ဒီမှာတော့သိပ်ပြီးလူသိနည်းသလိုအထင်လည်းသေးတဲ့အလုပ်မျိုးပါတကယ်တော့ဒီအလုပ်မျိုးကတကယ်လည်းလက်တွေ့ကျသလိုဝင်ငွေကောင်းရနိုင်တဲ့အလုပ်လည်းဖြစ်ပါတယ်ကိုယ့်အနီးနားကအိမ်နီးချင်းရဲ့ကလေးထိန်းပေးတာ၊ခွေးကျောင်းပေးတာတို့အပြင်နောက်ဆုံးအိမ်နီးချင်း ကလေးတွေကိုအချိန်ပိုင်းစာပြပေးတာကအစလုပ်လို့ရပါတယ်ဒီအတွက်ပိုက်ဆံတစ်ကျပ်မှကုန်စရာမလိုပါဘူး (၃)ဟိုဟာဒီဟာပြင်တယ်တစ်ချို့လူတွေကဝါသနာအလိုက်လျှပ်စစ်ပစ္စည်းလေးတွေပြင်တာဝါသနာပါကြပါတယ်ဒီလူတွေအတွက်တော့အသက်ကြီးရင်တောင်အိုးမကွာအိမ်မကွာအလုပ်နဲ့လက်မပြတ်အောင်လုပ်နိုင်လို့အတော်လေးအဆင်ပြေမှာဖြစ်ပါတယ်နောက်ဆုံးလက်သမားလုပ်နိုင်လို့ရပ်ကွက်ထဲကပရိဘောဂနဲ့အိမ်တွင်းအသုံးအဆောင်လေးတွေပြန်ပြင်မယ်ဆိုရင်တောင်အလုပ်ဖြစ်ပါတယ် (၄)အတိုင်ပင်ခံလုပ်ငန်းအလုပ်တစ်ခုမှာနှစ်ပေါင်းများစွာလုပ်ကိုင်လာပြီးကျွမ်းကျင်တဲ့ဝန်ထမ်းကောင်းတစ်ဦးအတွက်ဒီအလုပ်ကနေနားတဲ့တစ်နေ့တောင်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံများအသုံးချပြီးအလားတူအလုပ်မျိုးမှာပြင်ပအတိုင်ပင်ခံအဖြစ်ဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပါတယ်အလွတ်တန်းအတိုင်ပင်ခံအဖြစ်လည်းလုပ်နိုင်သလိုကိုယ်ပိုင်လုပ်ငန်းထောင်ပြီးတော့လည်းကုမ္ပဏီတွေရဲ့လုပ်ငန်းဆိုင်ရာအကြံပေးဝန်ဆောင်မှုလုပ်ပြီးဝင်ငွေကောင်းနဲ့ရပ်တည်နိုင်မှာပါ (၅)ပြန်ရောင်းမယ်အရောင်းအဝယ်ဆိုတာကမ္ဘာဦးစီးပွားရေးပါဘယ်တော့မှတိမ်ကောမှာလည်းမဟုတ်ဘူးတစ်ခုရှိတာကအခုပြောတဲ့ပြန်ရောင်းတယ်ဆိုတာကိုယ့်အနေနဲ့ငွေစိုက်ဝယ်ပြီးပြန်ရောင်းတာမျိုးကိုပြောတာမဟုတ်ပါဘူးကိုယ့်ရဲ့လုပ်ငန်းကျွမ်းကျင်မှုနဲ့သစ္စာရှိမှုကိုအရင်းတည်ပြီးစက်ရုံတွေကုမ္ပဏီတွေနဲ့တိုက်ရိုက်ချိတ်ပြီးအေးဂျင့်တစ်ယောက်လိုအရောင်းအဝယ်လုပ်ပေးရမှာဖြစ်ပါတယ်ဒီအတွက်ကုမ္ပဏီဝန်ထမ်းဖြစ်ဖို့မလိုပါဘူ   (၆)အသေးစားစီးပွားရေး လုပ်ငန်းဒီလုပ်ငန်းမျိုးကကျယ်ပြန့်ပါတယ်အရပ်ဒေသအလိုက် အသေးစားစီးပွားရေးလုပ်စရာပေါပါတယ်နောက်ဆုံးကိုယ်က ကားမောင်းတတ်တယ်ဆိုရင်အခုအက်ပလီကေးရှင်းနဲ့ကားခေါ်လို့ရတဲ့Grabတို့Uberတို့မှာသွားပြီးယာဉ်မောင်ဝန်ဆောင်မှုလုပ်နိုင်ပါတယ်ဒီကနေမှရတဲ့ငွေကြေးကိုစုဆောင်းပြီးကားနဲ့ဆက်စပ်တဲ့ခရီးသွားလုပ်ငန်းသေးသေးလေးတွေထောင်လို့ရပါတယ်။တစ်ခုရှိတာကဒီလုပ်ငန်းမျိုးကstartupဖြစ်တဲ့အတိုင်းအရင်းအနှီးနဲ့နည်းပညာလိုပါတယ်ဒီအတွက်တော့အချိန်ပေးလေ့လာပြီး၆စနစ်တကျစီးပွားရှာရမှာဖြစ်ပါတယ်credit

ကိုယ်ပိုင်အိမ်..ကိုယ်ပိုင်တိုက်ခန်းနဲ့နေလိုသူတွေအတွက်….

September 14, 2023 admin 0

အိမ်ပိုင်လိုချင်သူများအတွက်နှင့်ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုပြီးတစ်ခုရချင်သူများအတွက်လက်တွေ့အိမ်ဆောက်ဖြစ်လာသောနည်းအိမ်ပိုင်ရစေရန်စာကလေးအိမ်ကိုဆောက်တဲ့အုန်းခွံကိုသွပ်နန်းကြိုးနဲ့မချည်ပဲအုန်းဆန်ကြိုးနဲ့ပဲချည်ပါ       ပြီးနောက်ညောင်ပင်ကြီးများ၌အင်္ဂါနေ့တွင်ချိတ်ဆွဲပြီးအိုးပိုင်အိမ်ပိုင်ရဖို့လေးလေးနက်နက်ဆုတောင်းပါအုန်းခွံနဲ့လုပ်ထားတဲ့စာကလေးအိမ်လေးခြောက်လုံးလောက်လှုပေးပါများမကြာမီအိုးပိုင်အိမ်ပိုင်ရဖို့အခွင့်အလမ်းများတွေ့ကြုံလာရပါလိမ့်မယ် ရှင်ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူများအနေဖြင့်မည်သည့်ငှက်အိမ်ကိုမဆိုအလုပ်တစ်ခုလက်စပြီးတိုင်းထိုအိမ်မှာသစ်တိုသစ်စများဖြင့်ငှက်အိမ်လေးရိုက်ပြီးလှုထားပေးခဲ့ပါအလုပ်လက်စမပြတ်ရပဲထပ်လက်ခံရပါလိမ့်မည်                    

သင်ဘယ်လိုသေမှာလဲသိချင်ရင်ဒီနည်းလေးနဲ့တွက်ကြည့်ပါလား..သေခြင်းတရားနှင့်ဂဏန်းဗေဒင်.

September 14, 2023 admin 0

သေခြင်းတရားနှင့်ဂဏန်းဗေဒင်သင်ဘယ်လိုသေမှာလဲသိချင်ရင်ဒီနည်းလေးနဲ့တွက်ကြည့်ပါလားဗျာအင်္ဂလိပ်ခုနှစ်ကိုပေါင်းလိုက်ပါရတဲ့ဂဏန်းနဲ့မွေးလကိုပေါင်းပါမွေးလနဲ့မွေးရက်ကိုပေါင်းပါဥပမာဗိုလ်ချုပ်အောင်ဆန်း13-2-1915ခုနှစ်       ကိုတွက်ပုံခုနှစ်1+9+1+5=16+မွေးလ2=18မွေးရက်13.1+3=4+မွေးလ2=618+6=24.2+4=6နောက်ဆုံးဂဏန်း 6 ကိုယူပါမယ်၊ နံပါတ် 6 ကို ဖတ်ကြည့်ရုံပါ1ဆွေးမျိုးဘယ်လောက်များများ တစ်ကောင်ကြွက်အထီးကျန်ဆန်       ပြီးသေတတ်။2.အဝေးတနေရာမှာ သို့မဟုတ်ခရီးသွားရင်း အပြင်မှာသေတတ်။3.ဘယ်လောက်ချမ်းသာ ချမ်းသာ ရှိတာကုန်မှသေတတ်။4.ခက်ခဲကျပ်တည်းတဲ့အချိန်မှာသေ၊ ပို့မယ့်သူမရှိ၊မာရှလော(သို့မဟုတ်) သင်္ကြန်တွင်းသေ။     5.အသုဘမှာ […]