တန်ခူးလမွေးဖွားသူများ အတွက်တစ်သက်တာဟောစာတမ်း…

တန်ခူး လမွေးဖွားသူအများစုတို့သည် ပင်ကိုယ်စိတ်ဓါတ်
အားဖြင့် အလွန်သဘောထားကြီးတတ်ကြပါသည်။
လွတ်လပ်ပေါ့ပါးစွာနေတတ်သည်။
အမြဲတမ်းကြည်လင်အေးချမ်းစွာနေပြီး ပြုံးပျော်ရွင်မြူးစွာ
ပြောဆိုနေတတ်သည်။
ဖြတ်ထိုးဥာဏ်ကောင်းမည်။ ဟာသဥာဏ်ရွှင်သည်။
အပေါ်ယံအားဖြင့်ဘာမှအလေးမထားသလို ပေါ့ပေါ့တန်တန်၊ ဘာသိဘာသာအသွင်သဏ္ဍာန်နေတတ်ပေမယ့်
အရေးကြုံသောအခါတွင် ရဲရင့်ထက်မြက်စွာလုပ်ကိုင်
နိုင်စွမ်းရှိကြသည်။
အရေးကြုံသောအခါတွင် ခေါင်းဆောင်နေရာမျိုး တွင်
၀င်ရောက်ကာတာ၀န်ယူလုပ်ကိုင်နိုင်စွမ်းရှိကြသည်
ကျန်အချိန်များတွင် ကြွားဝါခြင်းကင်းလျှက် မထင်မရှားသာ
နေတတ်သည်။
ငါသိ၊ ငါတတ်၊ ငါသာမြတ်ဟူသော စရိုက်မရှိ။
ကိုယ့်အရည်အချင်းကို ထုတ်ဖော်ခြင်းမရှိပညာလက်သည်း
၀ှက် နေတတ်ကြသည် သို့သော် တန်ကူးလဖွားများသည်
အငြိုးအတေးကြီးသည်ရင်တွင်းမာနကြီးမားသည်။
ဒေါသထွက်လာလျှင် ကြောက်စရာကောင်းလှအောင်
ခက်ထန်လာတတ်သည်အလွန်ခေါင်းမာစွာအရွဲ့တိုက်လို
သည်လက်စားချေလိုသည်။


လူတစ်ယောက်အပေါ် ရန်သူဟု သတ်မှတ်လိုက်ပါက
မူလကသိမ်မွေ့မှု၊ လိုက်လျောမှု၊ သဘောထားကြီးမှုတို့
ပျောက်ပျက်ကာ စိတ်ရောကိုယ်ပါ အငြိုးတကြီးချေမှုန်း
လေ့ရှိသည်။
မည်သည့်အခါတွင်မှခွင့်လွှတ်တော့ခြင်းမရှိကာသေတပန်
သက်တဆုံးလက်တုံ့ပြန်လေသည်။
တန်ခူးလဖွားတို့သည် အမြဲတမ်းလှုပ်ရှားရုန်းကန် ကြိုးစား
နေတတ်ကြသည်။
တစ်ခါတစ်ရံ တွေဝေမိုက်မဲစွာ ပြုမူတတ်ကြပြန်သည်။
ကြောက်လွယ်သော ရဲလွယ်သော သဘောရှိသည်။
တစ်ခါတစ်ရံ ဘာမှ မဟုတ်တာလေးများကို တွန့်ဆုတ်
နေတတ်ကြပြီး၊ တစ်ခါတစ်ရံ ရဲဝံ့ပြတ်သားစွာ ပြုမူနေ
တတ်ကြပြန်သည်။
အကြံအစည်ကြီးသည်အပြောကောင်းသည်။
အပေါင်းအသင်းဆန့်သည်။ အသွားအလာလျှင်မြန်ဖြတ်
လတ်သည်။ အသီးအရွက်ကိုပိုနှစ်သက်သည်။
တန်ခူးလဖွားတို့သည် ဘ၀ကို အများအားဖြင့် ခက်ခဲကြမ်း
တမ်းစွာ ဖြတ်သန်းကြရသည်။ အခက်အခဲများစွာကိုလည်း
ပခုံးဖြင့်ထမ်းကာ ဖြေရှင်းပေးကြရတတ်သည်။
ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစု၀င်တို့တွင်
သော်လည်းကောင်း အခက်အခဲ၊ အကြပ်အတည်းဖိနှိပ်
ချုပ်ချယ်မှုများကိုတစ်ချိန်ချိန်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးမှ
အောင်မြင်သော ဘ၀များကိုရောက်ကြသူများဖြစ်သည်။ ဘ၀အစတွင် တိုက်ပွဲကဲ့သို့ ခက်ခဲကျပ်တည်းပြီးမှ
နောက်ဆုံးမှာ အောင်မြင်တတ်သည်။
အထူးသဖြင့် စိတ်မြန်သည်။ ခေါင်းမာစွာ ငြင်းခုံလိုသည်။
ကိုယ်ကိုင်စွဲသောဝါဒကို တရာသေ ဆုပ်ကိုင်တတ်သည်။
အစစခေါင်းဆောင်လိုတတ်သည်။ဘယ်တော့မှ မလိမ်တတ်။ ဗြောင်ပြောတတ် ဗြောင်လုပ်တတ်သည်။
ပင်ကိုယ်စရိုက်အေးဆေးသလောက် မခံချင်စိတ်ကြောင့်
တဇွတ်ထိုးလုပ်ကာ ရုတ်တရက် ထိခိုက်နစ်နာတတ်သည်။
မိခင် အစ်မ၊ အဖွားကဲ့သို့သော ကိုယ့်ထက်အသက်ကြီး
သော အမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုအောက်တွင်
ရှင်သန်ကြရတတ်သည်။မမြင်အပ်သော နာမ်လောကပိုင်းမှ
မယ်တော်ကြီး တစ်ပါးပါး၏ စောင့်ရှောက်ခြင်းကိုလည်း
ခံရတတ်သည်။


ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းပြီး ကောင်းမြတ်အောင်
ပြုမူနေထိုင်ပေးပါက သူမတူအောင် အောင်မြင်ကြီးပွား
တတ်ကြလေသည်လွတ်လပ်မှုကို အလွန် မြတ်နိုး၏။
စွန့်စားရသော အလုပ်များကို အထူးနှစ်သက်၏။
ခရီးသွားလာနေရသည်ကို သဘောကျ၏။
ဗဟုသုတရှာဖွေလိုက်စားလို၏။
ဗေဒင်လက္ခဏာစသောလောကီပညာများကို ယုံကြည်
လက်ခံ၍ လက်တွေ့စမ်းသပ်ကြည့်လို၏။
ယုံကြည်ချက်နှင့် ရည်ရွယ်ချက်ကြီးမားကြသည်။
သူတစ်ပါး၏ သြဇာလွှမ်းမိုးမှုကို အလွန်မုန်းသည်။
စွမ်းဆောင်ချက်နှင့် လုပ်ရည်ကိုင်ရည် ပြည့်ဝသော်လည်း
ခေါင်းမာခြင်း၊ ကြာရှည်စွာစောင့်စားရသည်ကို သည်းမခံနိုင်
ခြင်းတို့ကြောင့် အောင်မြင်ခါနီးမှလက်လွတ်သွားရသော
အခြေအနေမျိုး မကြာခဏကြုံရတတ်သည်ထိုမျှသာမက
မိမိအရွယ်ရောက်ချိန်တွင် မိဘများစီးပွားကျဆင်းသွားချိန်
နှင့် တိုက်ဆိုင်သွားမှုမျိုး၊ မောင်နှမသားချင်းတို့၏ဒဏ်ကို
ခံရခြင်းတို့ပါ ကြုံရတတ်သဖြင့် စီးပွားရေးတွင် စိတ်ရှည်စွာ
ကြိုးစားပေးမှ အောင်မြင်တတ်သည်။
အတိုက်အခံများနှင့် ကြုံသောအခါ မိုက်ရူးရဲတဇွတ်ထိုး
လုပ်သဖြင့် နစ်နာတတ်သည်။
အလုပ်မကြာခဏပြောင်းလုပ်ခြင်းကို ရှောင်ပြီး တစ်ခုတည်း စွဲမြဲစွာလုပ်သွားပါက အထူးအောင်မြင်သူများဖြစ်၏။
ဘာသာရေးဦးထိပ်ပန်ဆင်ပြီးလုပ်ပါအထူးအောင်မြင်တတ်
သည် စစ်ဘက်၊ စက်မှု၊ ဆေးပညာ၊ သတင်းထောက်၊
စိုက်ပျိုးရေး၊အချက်အပြုတ်တို့တွင် အထူးကောင်းကျိုးပေး၏။
အချစ်ရေးနှင့် အိမ်ထောင်ရေး နှလုံးသားရေးတွင် စိတ်
အပြောင်းအလဲမြန်သည်။
ဆုံးဖြတ်ချက်မပြတ်မသားဖြစ်တတ်သည်။
ကိုယ့်ချစ်သူနှင့် နားလည်မှုလွဲမှားသဖြင့် မကြာခဏချစ်သောက ဝေဒနာတို့ကျိတ်ပြီး ခံစားရတတ်သည်။
အချစ်ရေးတွင် ကိုယ်တိုင်က စိတ်လှုပ်ရှားမှုများစွာဖြင့်
အယုအယ အကြင်နာခံလိုတတ်ငြားကိုယ်တိုင်က
အေးတိအေးစက်နေတတ်သဖြင့် အဆင်မပြေဖြစ်တတ်သည်။ ထို့အပြင် ကိုယ်ထင်ရာတဇွတ်ထိုး ဆုံးဖြတ်ပြီး တစ်ယောက်
မကောင်းတစ်ယောက်ပြောင်း ဟူသော စိတ်ဓါတ်ကြောင့်မှားယွင်းတတ်သည်။ အချစ်ဦး၏ ပြစ်သွားခြင်းခံရတတ်သည်။ အိမ်ထောင်ဖက်ရွေးချယ်သောအခါ တွင် နှလုံးသားမှာ
ဆန္ဒထက် ကိုယ့်အိမ်ထောင်ဖက်သားအပေါ်တွင် သနားစိတ်၊ သနားချစ်ဖြင့် ရွေးချယ်တတ်ကြသည်။
အိမ်ထောင်ရေးတွင် ဦးနှောက်ကို ဦးစားပေးဆုံးဖြတ်
ရွေးချယ်ပါက ပို၍စိတ်ချမ်းသာကြရတတ်သည်။
ရုပ်ရည်တင့်တယ်တတ်ရုံသာမက ဆွဲဆောင်အားကောင်း
သော မျက်၀န်း၊ စူးရှတောက်ပသော မျက်၀န်းတို့ကို
ပိုင်ဆိုင်ထားတတ်ကြသည်။
အသားထက် အသီးအရွက်ကိုပို ကြိုက်၏။


ကျန်းမာရေးအတွက် ကြက်သွန်နီ၊ချင်း၊ ငရုတ်ကောင်းတို
ပကို ဓါတ်စာအဖြစ် မကြာခဏ စားသုံးသင့်ပါသည်။ သတိထားရမည့် ဘေးအန္တရယ်များမှာ မီးဘေးသတိထား
ရမည်။ လျှပ်စစ်မီး ရှောစ့်ဖြစ်တတ်သည်။
စက်ကရိယာတို့ ထိခိုက်တတ်သည်။
လက်နက်ခဲယမ်းမီးကျောက် ပေါက်ကွဲမှုကို သတိပြုရမည်။ သို့သော် ယေဘုယျမျှသာဖြစ်ပြီး သတိထားသွားလာဆောင်
ရွက်က ဥပဒ်ကင်းမည်။ ဦးခေါင်းနှင့်ခြေထောက် တို့တွင်
ထိခိုက်ဒဏ်ရာရတတ်သည်။
အရက်သေစာသောက်စားသူများမှာ ထိုဥပဒ်အန္တရယ်မျိုး
အဖြစ်များပြီး မိန်းမအဖျက်ပါ ကြုံတွေ့ရတတ်သည်။
သူတစ်ပါးက ကိုယ့်ကို အတိုက်အခံလုပ်ချင်လာတတ်သည်။ ထို့ကြောင့် အရက်သေစာကို ပိုဆင်ခြင်သင့်လေသည်။
တန်ကူးလမွေးဖွားသူများသည် ယဉ်ကျေးသိမ်မွေ့မှုကို
သဘောကျသော်လည်းကိုယ်တိုင်ကမူ ခြေမြန်လက်မြန်၊
အပြောမြန်သည့် တဇွတ်ထိုးစိတ်တို့ကြောင့် သူများအမြင်
တွင် ရိုင်းစိုင်းနေတတ်သည်။
သို့သော် သဘာ၀ကျသော အပြင်အဆင်ကို နှစ်သက်ပြီး
ခေတ်ပေါ်ဒီဇိုင်း အ၀တ်အစားတို့ကို နှစ်သက်တတ်သည်။
လူစုလူဝေးတွင် ဟေးလားဝါးလား မနေတတ်။
သွက်လက်သပ်ရပ်စွာ ၀တ်စားတတ်ကြသည်။
အရောင်အားဖြင့် ပန်းရောင်၊ အနီရောင်၊ ကြက်သွေးရောင်
တို့ကို သုံးစွဲသင့်သည်။
အနက်ရောင်ကို အထူးရှောင်သင့်ပါသည်။
ပတ္တမြားနှင့်စိန်ကို အထူး၀တ်ဆင်သင့်သည်။
အထူးသဖြင့် ပတ္တမြားလက်စွပ်ကို လကျာင်္ဘက်လက်ခလယ် တွင် ၀တ်ဆင်သင့်ပေသည်။