ဒီကာလကြီးမှာ သင်ဟာ သူဌေးဖြစ်ဖို့ဆန္ဒအရမ်းပြင်းပြနေလား..ဒါလေးဖတ်ကြည့်…

သူဌေးဖြစ်ဖို့ဆန္ဒမစောပါနဲ့ခရမ်းချဉ်သီးပွဲစားတစ်ယောက်ပြောခဲ့ဖူးတဲ့စကားလေးကိုသွားသတိရမိတယ်။ငါ့မှာပိုက်ဆံသိန်းသုံးရာရှိရင်ငါသိန်းနှစ်ရာပဲထုတ်ရင်းတယ်။တစ်ရာကမတော်တဆရှုံးသွားခဲ့ရင်ပြန်ရင်းဖို့အရင်းအနှီးအနေနဲ့

ချန်ထားတယ်။ငါ့ဂိုဒေါင်ကကုန်ချိန်ခြောက်သောင်းဆန့်ရင်လေးသောင်းပဲထည့်တယ်။နှစ်သောင်းကကြိုက်စျေးရရင်ထပ်ထည့်ဖို့ချန်ထားတယ်ဘာကြောင့်လဲဆိုတော့ငါကဆင်းရဲသားဘဝကနေတက်လာတာ။ငါ့မှာရှိသမျှပုံအောပြီးလုပ်

လိုက်လို့မတော်တဆရှုံးသွားခဲ့ရင်ဆင်းရဲတဲ့ဘဝကိုငါပြန်ရောက်သွားမှာကြောက်တယ်တဲ့။သူပြောတဲ့စကားနဲ့ကျနော့အဖေပြောတဲ့စကားနဲ့သွားတူနေတယ်ငါ့သားအလုပ်လုပ်ရင်ရေကာတာစီမံကိန်းနဲ့လုပ်ရတယ်ကွ။ရေကာတာစီမံကိန်းဆိုတာက

ကုန်ထမ်းသမားတစ်ယောက်ဟာအချိန်သုံးဆယ်ကိုထမ်းနိုင်တဲ့အားရှိရင်အချိန်နှစ်ဆယ်ပဲထမ်းသင့်တယ်ဘာကြောင့်လဲဆိုတော့မတော်တဆချော်လဲရင်ကိုယ့်ကိုယ်ကိုပြန်ထောက်နိုင်ဖို့အားကျန်နေသေးတယ်။အချိန်သုံးဆယ်နိုင်တဲ့လူကအချိန်သုံး

ဆယ်ဝိတ်ကြီးကိုထမ်းထားလို့မတော်တဆချော်လဲလို့ကတော့သွားပြီ။ပြန်ထနိုင်ဖို့မလွယ်တော့ဘူး။ကျနော်မြင်ရသလောက်လဲအလုပ်လုပ်ရင်ပရမ်းပတာသူဌေးဖြစ်ခွေးဖြစ်ရှိသမျှပုံအောပြီးလုပ်တဲ့လူတွေပြုတ်သွားကြတာများတယ်။စေ့စေ့စပ်စပ်နဲ့

ချင့်ချင့်ချိန်ချိန်လုပ်တဲ့လူတွေပဲအောင်မြင်သွားကြတာများတယ်အရမ်းကြီးမအောင်မြင်ရင်တောင်မှအမှားနည်းတယ်ပေါ့ဗျာစစ်မှန်တဲ့အောင်မြင်မှုဆိုတာကနေ့ချင်းညချင်းဝုန်းကနဲလုပ်လို့ရတဲ့အရာမဟုတ်ပါဘူး။တစ်ဆင့်ခြင်းတစ်ဆင့်

ဖြည်းဖြည်းချင်းတည်ဆောက်ယူရတဲ့အရာပါ။ဘာကြောင့်ဒီစကားပြောရလဲဆိုတော့ကျနော်တို့လိုလူငယ်တွေတော်တော်များများကအရမ်းအောင်မြင်ချင်ကြတယ်။အဲဒီမှာဆန္ဒတွေစောလောဘတွေကြီးပြီးအမှားတွေကိုလုပ်မိတော့တာပါပဲ။

အမှန်ကခေါင်းအေးအေးထားပြီးတည်တည်ငြိမ်ငြိမ်ချင့်ချင့်ချိန်ချိန်လေးနဲ့ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကိုချီတက်ရင်ပန်းတိုင်ကိုမုချမသွေရောက်ပါတယ်။ပျာယာမခပ်ဖို့လောဘမကြီးဖို့ဆန္ဒတွေမစောဖို့တော့လိုပါတယ်