ဘယ်လောက်အတိုးပေးမယ်ပြောပြော…မည်သူ့ကိုမှငွေမချေးပါနဲ့ ..ချေးမိရင်သေချာပေါက်ဆုံးမည့်ကာလပါ

အရေးကြီးပါတယ်ဒီအချိန်လက်ထဲရှိတဲ့ ငွေကိုတန်ဘိုးထားပါမြန်မာနိုင်ငံရဲ့စီးပွားရေးထိခိုက်မှုပမာဏက၂၀၂၂ခုနှစ်၆လပိုင်းကနေစပြီး၁၂လပိုင်းအတွင်းမှတဖြေးဖြေးနဲ့အလွန်သိသာလာပါလိမ့်မယ်လုပ်ငန်းလည်ပတ်ဖို့ငွေကိုအသဲအသန်

လိုလာကြပါလိမ့်မယ်ဘဏ်ချေးငွေမလွယ်ကူတဲ့ဒီနိုင်ငံအတွက်တော့ဒီပြဿနာကို ဖြေရှင်းဖို့လုပ်ရမယ့်နည်းလမး၂ခုပဲရှိပါတယ်လုပ်ငန်းတွေကိုပိတ်သိမ်းမလားရှိတဲ့ပစ္စည်းတွေထုခွဲရောင်းချပြီးလုပ်ငန်းကိုဆက်လက်လည်ပတ်မလား

လုပ်ငန်းတွေလည်ပတ်ဖို့ကြိုစားမယ်ဆိုရင်တော့ရှိထားတဲ့ ရေ၊ကား၊အိမ်စတဲ့၃မျိုးကိုထုခွဲရောင်းချရပါမယ်ရွှေအလွယ်ကူဆုံးနဲ့အမြန်ဆုံးနာရီပိုင်းအတွင်း ငွေဖြစ်တဲ့ပိုင်ဆိုင်မှုပါသို့သော်သာမာန်လုပ်ငန်းရှင်အများစုမှာ

လက်ဝတ်ရတနာကလွဲပြီး ရွှေပမာဏအများကြီးမရှိကြပါဘူးကားလုပ်ငန်းရှင်တိုင်းမှာရှိပါတယ်ဒုတိယအမြန်ဆုံး ငွေဖော်လို့ရတဲ့ပိုင်ဆိုင်မှုပါလုပ်ငန်းရပ်တန့်သွားတဲ့သူတွေရဲ့၈၀ခန့်သူတို့ကားတွေပြန်ရောင်းကြပါလိမ့်မယ်ဘလို့လဲဆို

တော့ မြန်မာပြည်ကလူတွေဟာ ငွေသားပိုင်ဆိုင်မှုပမာဏရဲ့၅၀% ကျော်ကိုကားဝယ်ဖို့ယလွဲမှားစွာအသုံးပြုထားကြတဲ့အတွက်ပါဥပမာ ငွေသားသိန်း၅၀၀ချမ်းသာသူကသိန်း၃၀၀တန်ကားလောက်ဝယ်စီးထားကြပါတယ်နောက်

 

တစ်ချက် နှစ်ရှည်အရစ်ကျစနစ်နဲ့ဝယ်ထားတဲ့ကားတွေလစဉ်ပုံမှန်ငွေဆက်သွင်းဖို့ခက်လာကြပါလိမ့်မယ်တချို့သိန်းထောင်ဂဏန်းကားတွေဆို၅ နှစ်အရစ်ကျဝယ်ရင်တစ်လကို၁၈သိန်းနဲ့သိန်း၂၀ခန့်ဘဏ်ကိုလစဉ်သွင်းကြရပါတယ်

ဒီကားတွေ ငွေဆက်မသွင်းနိုင်တော့ရင် ရောင်းချပြီးငွေဖော်ကြပါလိမ့်မယ်အိမ်လက်ရှိအချိန်မှာငွေဖော်ရအခက်ဆုံးပိုင်ဆိုင်မှုပါနေရာကောင်းလေးတွေသာ ဗိုက်နာဈေးနဲ့ ငွေဖော်လို့ရမှာ ဖြစ်ပြီးကျန်တဲ့နေရာတွေကတော့ ရောင်းမစွံနိုင်ပါဘူး။

ဒီအချိန်ဝယ်မည့်အစားငှားနေတာပိုကိုက်ပါတယ်အဲ့ဒီတော့အိမ်ခြံမြေဈေးကျနိုင်ပါတယ်ဘဏ်ရာဖြတ်တွေရဲ့ကာလပေါက်ဈေးထက်တန်ဘိုးပိုဖြတ်ကာဘဏ်မှာပေါင်ထားကြတဲ့အိမ်ခြံမြေတွေဘယ်လိုဆက်လုပ်ကြမလဲဆိုတာလဲ

စဉ်းစားစရာပါငွေသားကိုင်ထားတဲ့သူကတော့အကောင်းဆုံးပါမိမိကြိုက်ရာ နေရာမှာချက်ခြင်း ရင်းနှီးမြုပ်နှံလို့ရပါတယ်liquitidy ဖြစ်တယ်လို့ခေါ်ပါတယ်ရေဟာလေဒေါင့်ခွက်ထဲထည့်ရင်လေးဒေါင့်ဖြစ်ပြီးအဝိုင်းခွက်ထဲထည့်ရင်အဝိုင်းဖြစ်တဲ့သဘောကိုဥပမာပြတာပါဒီအချိန်အထူး

သတိထားသင့်တာကမကျွမ်းကျင်တဲ့လှိုင်းကိုစီးဖို့မကြိုးစားပါနဲ့မည်သူ့ကိုမှငွေမချေးပါနဲ့ချေးမိရင်သေချာပေါက်ဆုံးမယ့်ကာလပါအစားအစာမှလွဲပြီးကျန်တဲ့ပစ္စည်းတွေဝယ်မယ်ဆိုလိုအပ်လားဆိုတာ၃ခါလောက်ပြန်စဉ်းစားပါလုပ်ငန်းတွေအသက်ဆက်ဖို့မလိုအပ်ပဲခန့်ထားတဲ့

ဝန်ထမ်းတွေကိုလျှော့ချရပါမယ်မလိုအပ်ပဲငှားထားတဲ့ နေရာငှားခတွေကိုလျှော့ချရပါမယ်အောင်မြင်မှုရာခိုင်နှုန်းအနဲဆုံးဖြစ်နေတဲ့ထုတ်ကုန်ကိုရပ်ဆိုင်းရပါမယ်ဝန်ထမ်းရောအလုပ်ရှင်ပါပိတ်ရက်မရှိအတူတကွရုန်းကန်ကြရပါမယ်စိတ်ကို ပျော်အောင်ကြိုးစားပြီးနေပါမိတ်ဆွေများကျန်းမာချမ်းသာကြပါစေ..Crd..