မိမိနေအိမ်ကို လာဘ်ပိတ်စေတတ်သော အကြောင်းအရင်း (၆) မျိုး…

ရှောင်နိုင်သမျှရှောင်တာအကောင်းဆုံးပဲနေအိမ်နဲ့ပတ်ဝန်းကျင်မှာမလုပ်သင့်မလုပ်အပ်တဲ့အရာတွေကြောင့်လာဘ်မပိတ်စေဖို့ရှောင်ကြဉ်ရမယ့်အချက်လေးတွေကိုပြောပြပေးလိုက်ပါတယ်ဒီအရာတွေသာလုပ်မိနေရင်ကြိုးစားနေလည်းထင်သလောက်

စီးပွားမဖြစ်တာစီးပွားတက်ဖို့ကြန့်ကြာတာ၊အဆိုးဆုံးတက်နေတဲ့စီးပွားကနေ
အပျက်ဘက်ရောက်လာတဲ့အထိအန္တရာယ်ရှိတတ်တာမို့သတိထားရှောင်ကြဉ်နိုင်ရင်တော့အကောင်းဆုံးပါပဲအိပ်ရာကိုအခန်းတံခါးနဲ့နံရံတစ်ဘက်တည်းမှာမထားပါနဲ့

ဒီအချက်ကအရေးကြီးလားဆိုရင်အရေးကြီးပါတယ်အိပ်ရာဆိုတာအိမ်တစ်အိမ်အတွက်အရေးကြီးတဲ့နေရာတစ်နေရာပါလူတွေကနေအိပ်စက်ခြင်းကနေအားအင်တွေမွေးမြူပြီးအသစ်တဖန်စတင်ဖို့ခွန်အားတွေရလာပါတယ်

ဒါကြောင့်အိပ်စက်နေတုန်းအချိန်မှာကောင်းမွန်တဲ့စွမ်းအင်တွေကိုယ့်အိပ်ခန်းထဲဝင်ရောက်ဖို့အိပ်ရာကနေတံခါးနဲ့အပေါက်ဝကိုမြင်နိုင်ဖို့လိုပါတယ်ဒီလိုသာတံခါးနဲ့ ကပ်ထားလိုက်မယ်ဆိုရင်မြင်ရတော့မှာမဟုတ်ပဲကောင်းမွန်တဲ့စွမ်းအင်တွေဝင်လာတာကိုတားဆီးနိုင်ပါတယ်

ဒီလိုကပ်ရပ်ထားမိပြီးပြန်ပြင်ဖို့လည်းမလွယ်ကူတော့ဘူးဆိုရင်ရောင်ပြန်မြင်ရတဲ့ မှန်တစ်ချပ်ထောင်ထားခြင်းကနေအခန်းတံခါးကိုရောင်ပြန်မြင်နိုင်အောင်လုပ်ပြီး ကောင်းမွန်တဲ့စွမ်းအင်တွေဝင်လာအောင်စုပ်ယူနိုင်ပါတယ်။

သန့်စင်ခန်းထဲကအိမ်သာအိုးအဖုံးဖွင့်မထားပါနဲ့ဒီအချက်ကလုပ်ရတာလွယ်ကူတယ်ဆိုပေမယ့်လည်းလုပ်ဖို့မေ့ရတာလည်းလွယ်ကူပါတယ်တော်တော်များများက သတိလက်လွတ်ပဲသန့်စင်ခန်းသုံးပြီးတိုင်းအဖုံးပြန်ပိတ်ဖို့မေ့တတ်ကြပါတယ်

ခုလိုဖွင့်ထားကမကောင်းတဲ့အညစ်အကြေး၊မကောင်းတဲ့အနံ့အသက်တွေကိုဖြစ်စေတဲ့အပြင်ကိုမှမကောင်းတဲ့စွမ်းအင်တွေကိုပါစုပ်ယူနိုင်ပါတယ်သန့်စင်ခန်းသုံးပြီးတိုင်းအဖုံးပြန်ပိတ်တာကဝင်လိုက်တိုင်းအနံ့ဆိုးတွေမကောင်းတဲ့

အညစ်အကြေးတွေကြောင့်စိတ်မသက်မသာမဖြစ်စေရပဲမကောင်းတဲ့စွမ်းအင်တွေမဝင်ရောက်အောင်ပါတားဆီးပေးပါတယ်မှန်တွေကိုအထားအသိုမှန်အောင်စီစဉ်ပါအိမ်ကထွက်တိုင်းအဆင်ပြေ၊မပြေတစ်ချက်၊တစ်ချက်ပြန်ကြည့်တတ်တဲ့သူတွေအတွက်တော့အိပ်ခန်းထဲမှာတင်မက

အိမ်ရှေ့ဧည့်ခန်းလိုနေရာတွေ၊အိမ်တံခါးဝတွေမှာပါမှန်ချပ်တွေထားကြပါတယ်ဒီလိုထားတာဘာမှတော့မဖြစ်ပေမယ့်အထားအသိုမှန်ဖို့ဂရုစိုက်ရပါမယ်အိမ်ရဲ့တံခါးပေါက်ကကောင်းမွန်တဲ့စွမ်းအင်တွေ၊ကောင်းခြင်းမဂ်လာတွေအိမ်ထဲဝင်လာအောင်ခေါ်ဆောင်ပေးပါတယ်

ဒီနေရာမှာကိုယ်ကမှန်တစ်ချပ်ထောင်ထားလိုက်လို့ရောင်ပြန်သဘောဖြစ်နေပြီး အိမ်ထဲဝင်လာရမယ့်စွမ်းအင်တွေရောင်ပြန်ထွက်သွားတတ်တာကိုသတိထားပါအကောင်းဆုံးကတော့မှန်ချပ်တွေကိုအိမ်တံခါးဝ၊ဝင်ပေါက်ရှေ့တည့်တည့်မှာ ထားတာမျိုးမဟုတ်ပဲဘေးနှစ်ဖက်မှာထားခြင်းပါ။

အိပ်ခန်းထဲမှာအပင်တွေနဲ့စိမ်းစိုအောင်မထားပါနဲ့အပင်တွေနဲ့အလှဆင်ထားတဲ့ အခန်းတစ်ခန်းဟာလှပလွန်းပြီးနေချင်စဖွယ်ကောင်းတယ်ဆိုတာအားလုံးအသိပါ ဒီလိုအတွေးတွေကြောင့်မိမိရဲ့အိပ်ခန်းလေးကိုနေချင်စဖွယ်ဖြစ်အောင်

နေရာလွတ်တွေအားလုံးကိုအပင်တွေနဲ့အလှဆင်မယ်လို့မတွေးလိုက်ပါနဲ့အများစုအပင်တွေနဲ့အလှဆင်တတ်တဲ့နေရာတွေကအိမ်ရှေ့ဧည့်ခန်းတွေ၊ခြံထဲတွေ၊ခြံရှေ့တွေမှာပါဒါကိုမှထူးထူးခြားခြားဖြစ်အောင်အိပ်ခန်းထဲမှာပါအလှဆင်ဖို့

‌တွေးလိုက်ပြီဆိုရင်လိုတာထက်မပိုပါစေနဲ့လို့ပြောပါရစေအိပ်ခန်းထဲစိမ်းစိမ်းစိုစိုအပင်လေးတွေရှိနေတဲ့အခါနေချင်စဖွယ်ကောင်းတာမှန်ပေမယ့်အရမ်းများလွန်းတဲ့အခါကိုယ့်အိပ်ခန်းထဲဝင်ရောက်လာမယ့်ကောင်းမွန်တဲ့စွမ်းအင်တွေကိုအပင်တွေကစုပ်ယူသွားနိုင်ပါတယ်။

အခန်းထဲမှာစိတ်ရှုပ်မပွစေပါနဲ့ရှုပ်ပွနေတဲ့အခန်းထဲဝင်နေရတဲ့လူတစ်ယောက်နေရာကခံစားကြည့်ပါအရမ်းစိတ်ကြဉ်းကြပ်လွန်းပြီးမွန်းကြပ်နေသလိုခံစားနေရပါလိမ့်မယ်သန့်ရှင်းသပ်ရပ်နရှင်းလင်းနေမယ်မျက်စိထဲအမြင်ရှင်းနေမယ်မြင်ကွင်းတိုင်း

ကကြည်လင်နေမင်းလင်းနေမယ်မျက်စိထဲအမြင်ရှင်းနေမယ်မြင်ကွင်းတိုင်းကကြည်လင်နေမယ်နှစ်လိုဖွယ်ဖြစ်နေမယ်နောက်ဆက်တွဲရလာဒ်အနေနဲ့ကိုယ့်စိတ်ပါကြည်လင်လာတယ်။ရှုပ်ပွနေတဲ့အခန်းထဲဘယ်သူမှမနေချင်ပါဘူး

နောက်တစ်ခုကရှုပ်ပွနေတဲ့အခန်းကလည်းကောင်းမွန်တဲ့စွမ်းအားတွေဝင်လာဖို့ပိတ်ဆို့နေတဲ့အတားအဆီးတစ်ခုပါအိပ်ခန်းမှမဟုတ်ပါဘူး၊တစ်အိမ်လုံးအကောင်းဓာတ်တွေလွှမ်းခြုံချင်ရင်တစ်အိမ်လုံးသန့်ရှင်းအောင်ထားပါ

ဖယောင်းပုဆိုးတွေ၊ကော်ဇောတွေမညီမညာမဖြစ်ပါစေနဲ့အိမ်တစ်အိမ်ရဲ့ကြမ်းပြင်မှာခင်းထားတဲ့ဖယောင်းပုဆိုးတွေကော်ဇောတွေညီညီညာညာဖြစ်နေခြင်းကကြည့်ရကောင်းပြီးအမြင်လည်းတင့်တယ်စေပါတယ်ဒါပေမယ့်မညီမညာဖြစ်နေရင်တော့

အိမ်ကိုအဝင်အထွက်လုပ်နေတဲ့စွမ်းအားတွေမှာမညီမျှမှုတွေဖြစ်လာနိုင်ပါတယ်။ အိမ်ရဲ့စီးပွားရေးတက်လိုက်၊ကျလိုက်ဖြစ်နေတတ်ပါတယ်နောက်တစ်ခုကဖယောင်းပုဆိုးတွေ၊ကော်ဇောတွေရွေးချယ်တဲ့အခါတစ်ခန်းတစ်မျိုးစီမဟုတ်ပဲ

ကြည့်ကောင်းရှုကောင်းရှိတဲ့အရောင်ပုံစံတစ်မျိုးတည်းကိုသာရွေးချယ်သင့်ပါတယ်ခမ်းနားတဲ့ကြမ်းခင်အပြင်အဆင်တွေကအိမ်ထဲကိုကံကောင်းခြင်းတွေကောင်းမွန်တဲ့စွမ်းအားတွေသယ်ဆောင်ပေးပါတယ်။

ဒီအချက်လေးတွေကမိမိအိမ်မှာစီးပွားပိတ်ခြင်းလာဘ်ပိတ်ခြင်းတို့ကိုဖြစ်ပေါ်စေလို့ ရှောင်ကြဉ်နိုင်အောင်ပြောပြပေးတာပါအပတ်စဉ်စနေနေ့တိုင်းအခုလိုလူကြီးမင်းတို့ဗဟုသုတရစရာအကြောင်းစရာလေးတွေကိုမျှဝေတင်ဆက်ပေးဖို့ရှိပါတယ်credit Shwe Min

Be the first to comment

Leave a Reply

Your email address will not be published.


*